21

5.5K 620 4
                                    

၂၁။ အေးစက်တဲ့မျက်နှာနဲ့ သူရဲကောင်း

လတ်မှတ်ထိုးပြီးသည့်အခါ သူမဘေးမှာထိုင်နေသည့်လူကို လှည့်ပြုံးပြကာ
"ကိုကြီး အခုကစပြီး ညီမလေးနေရေးစားရေးအတွက် ကိုကြီးကိုပဲ အားကိုးမယ်နော်"

နှစ်သုံးဆယ်ကျော်လောက်ရှင်သန်လာပင်မယ့် တစ်စုံတစ်ယောက်က သူ့ကိုကိုကြီးဟု ခေါ်သည့်မှာ မော့ဟန်အတွက်ပထမဆုံးဖြစ်သည်။ သူ့မှာညီအကိုမောင်နှမလည်း မရှိသလို သူကလည်းတည်ငြိမ်လွန်းသည်။ သူငယ်စဉ်ကတုန်းက သူ့အဖေသူငယ်ချင်း၏ သမီးအချို့က သူ့အဝတ်စကိုဆွဲကာ အသံနုနုလေးဖြင့် သူ့ကို "ကိုကြီး"ဟု ခေါ်သောအခါ သူခံစားရသည်မှာ ဒေါသပင်ဖြစ်သည်။ အဝတ်စားမျိုးစုံဝတ်ကာ သူ့အနားတွင် ရစ်သီရစ်သီလုပ်နေခြင်းက အာရုံနောက်စရာကောင်းခဲ့သည်။ သူကျောင်းတက်သည့်အရွယ်ရောက်သောအခါ ချောမောသည့်ရုပ်ရည်ကြောင့် အချောဆုံး၃ယောက်တွင် သူအမြဲပါသည်။ ထိုအခါ အခန်းထဲမှ တချို့မိန်းကလေးများက သူ့ကိုခိုးကြည့်ကာ အတင်းပြောကြသည်။

သူအများဆုံး ကြားနေကြ သူတို့ပြောကြသည်မှာ
"ဟဲ့! ဟိုမှာကြည့်စမ်း။ အဲ့ဒါရေခဲတုံးကောင်မလား"

သူနဲ့အဆက်အဆံရှိတဲ့ တစ်ဦးတည်းသောလူမှာ သူ့သူငယ်ချင်း ပိုင်ယုပင် ဖြစ်သည်။ ပိုင်ယုက မကြာခနပြောသည်။
"မင်းရဲ့ အေးစက်နေတဲ့မျက်နှာကြီးက ကောင်မလေးတွေ crushချင်စရာတော့ ကောင်းပင်မယ့် ဘယ်တော့မှ မင်းအကိုကြီးတစ်ယောက်လို boyfriend materialတော့ ဖြစ်လာမှာမဟုတ်ဘူး"

သူ့ကိုချစ်သူအဖြစ်ထားသည့် အတွေ့အကြုံရှိသူဆို၍ မိန်းကလေးတွေအများကြီးထဲမှာမှ ရှန်ယို့တစ်ယောက်သာလျှင်ရှိသည်။ သူ့ကိုချစ်သူတော်ရခြင်းမှာ မရှိသည့်ထက်အနည်းငယ်သာရုံပင်ဖြစ်သည်။ ဆိုးသည်မှာ သူမက အမေရိကသို့ ထွက်ခွာသွားခြင်းဖြစ်သည်။ နိုင်ငံခြားပြီးနေသည့် သူတို့နှစ်ယောက်မှာ အလုပ်အမြဲရှုပ်နေကြပြီး တစ်လခွဲလောက်မှ အဆက်အသွယ်တစ်ခါလုပ်တက်သည်။

ကံကောင်းသည်မှာ ဘယ်မိန်းကလေးကမှ ကံဆိုးသွားပြီး သူ့ညီမလေးဖြစ်လာသည် မရှိပေ။ မဟုတ်လျှင် ကလေးအရွယ်တွင်ရော၊ ကျောင်းနှင့်အိမ်တွင်ပါသူမမှာ ဒီအေးစက်နေသည့်မျက်နှာဖြင့် ရေခဲတုံးကြီးနှင့် ရင်ဆိုင်နေရလိမ့်မည်။ သို့ရာတွင် သူကတော့ စိတ်ဝင်တစား စကားတစ်ခွန်းတောင် ဟမည်မဟုတ်ချေ။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now