183

3.2K 316 5
                                    

Unicode Ver

၁၈၃။ သူစိမ်း

"အရင်တုန်းက ကျွန်တော်မှ မကြားဖူး. . ."

"မင်းဒီကိုရောက်လာတာ ဘယ်လောက်ကြာသေးလို့လဲ? ဘာဖြစ်လို့ ငါ့ကိုယ်ရေးကိုယ်တာကို ဒီလောက်စပ်စုနေရတာလဲ?"

"အာ. . .ရှေ့နေကြီးနဲ့ သူနဲ့ကလည်း ဖြစ်နိုင်တာမှ မဟုတ်တာ။ ဘာဖြစ်လို့ ကျွန်တော်နဲ့ မိတ်ဆက်မပေးတာလဲ? ရှေ့နေကြီးရဲ့ ညီမလေးကို ကျွန်တော် ကောင်းကောင်းဆက်ဆံမှာပါ"

"ငါတို့နှစ်ယောက်ကြားမှာ မဖြစ်နိုင်လို့ မင်းနဲ့ မိတ်ဆက်ပေးရမယ် ဟုတ်လား?"

မော့ဟန်သည် အပြင်ပိုင်းတွင် တည်ငြိမ်နေဆဲ ဖြစ်သော်လည်း လက်ထဲကစာရွက်ကို ပစ်ပေါက်ချင်နေသည်။ မော့ဟန်သည် စိတ်ထိန်းကာ
"သူ့အကြောင်း တွေးမနေနဲ့တော့။ အခုသူ့မှာ ချစ်သူရှိတယ်"

"ဒါပင်မယ့် မနေ့က ကျွန်တော်လျူဇီယွမ်ကိုမေးတော့ မရှိဘူးတဲ့"

"မနေ့ညကမှ ရသွားတာ"
မော့ဟန်၏လေသံသည် အေးစက်နေသည်။

မော့ဟန်၏ စိတ်အခြေအနေ မကောင်းတော့မှန်းကို သိလိုက်သည့် ထိုရှေ့နေသည် အနောက်သို့ ဆုတ်သွားရင်း
"ရှေ့နေကြီး ကျွန်တော် ဒီစာရွက်စာတမ်းယူသွားမယ်။ ကျွန်တော်ကြည့်ပြီးသွားရင် လျူဇီယွမ်ကနေတစ်ဆင့် ပြန်ပေးခိုင်းလိုက်ပါ့မယ်"

မော့ဟန်သည် သူ့စာရွက်စာတမ်းတွေကို ကြည့်နေဆဲဖြစ်ကာ
"သွားတော့!"

ထိုလူထွက်သွားသည့်အခါ မော့ဟန်သည် သက်သောင့်သက်တာ မရှိတော့ပေ။ သူက ရှုချင်းရီက ဖုန်း၂ခါလောက် ခေါ်လိုက်သော်လည်း သူမကဖုန်းချပစ်သည်။ သို့သော်လည်း ချက်ချင်းစာပြန်ပို့လာသည်။
"အတန်းထဲမှာ။ ဘာဖြစ်လို့လဲ?"

မော့ဟန်က စာပြန်လိုက်သည်။
"ဘယ်အချိန် အတန်းပြီးမှာလဲ?"

"၅နာရီခွဲ"

"အတန်းပြီးရင် ငါ့ကိုစောင့်နေ"

"ရုံးကိုပဲ လာခဲ့လိုက်ရမလား? အဲ့ဒီအချိန်က ကိုကြီးအလုပ်လုပ်နေတုန်းမလား?"

"ရုံးကိုလာစရာမလိုဘူး။ ငါလာကြိုမယ်"

မော့ဟန်သည် ဟိုရှေ့နေ၏စကားများကြောင့် စိတ်အဆင်မပြေဖြစ်နေတာ ဖြစ်သည်။ သူမအား သူဖွက်ထားချင်နေသည်။ သူမ၏ကောင်းသည့်အချက်များနှင့် သူမ၏အကြောင်းတိုင်းကို သူတစ်ယောက်တည်းသာ သိချင်သည်။ မော့ဟန်၏အတွေးများသည် အခုမှချစ်ဖူးသည့် မိန်းမပျိုလေးလို ဖြစ်လို့သာ နေတော့သည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now