139

3.1K 328 22
                                    

Unicode Ver

၁၃၉။ လက်ထပ်ခြင်း

ရှုချင်းရီ၏ အလိုလိုသိစိတ်မှာ သူများတွေထက် ပိုသာတက်သည်။ လူတွေက ထိုအကြောင်းကို သူမအားမေးသည့်အခါ ဘာကြောင့်မှန်းတော့ သူမလည်းမသိပင်မယ့် ထိုအရာများကို သူမရင်ထဲက ခံစားနေမိခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ရှုချင်းရီသည် လမ်းမှာတွေ့လိုက်ရသည် ထိုလူမှာ မြင်ရသလောက် မရိုးရှင်းဘူးဆိုသည်ကို သူမကြိုသိလိုက်သည်။

ထို့နောက် သူမကျောင်းတက်နေစဉ် အတန်းချိန်ပြီးသည့်အခါ သူမနာမည်ကို ခေါ်ကာ လာရှာသည့်သူ တစ်ယောက်ရှိသောကြောင့် ထွက်ကြည့်လိုက်သည့်အခါ ထိုလူဖြစ်နေသည်။ ဟိုတစ်နေ့က တွေ့ခဲ့ရသလို ဒီလူသည် စိတ်ထောင်းကိုယ်ကျေရုပ် မပေါက်တော့ပေ။ သူ့နှုတ်ခမ်းတွေတို့ကို သေချာရှင်းလာသလို ရွှေကိုင်းမျက်မှန်လည်းတပ်လာသောကြောင့် သူ့အကြည့်တို့က စူးရဲနေသည်။ ဒီလိုစူးရှသည့်အကြည့်ကြောင့်ပဲ သူ့အားလူချောတစ်ယောက်မှန်း သိသာစေသည် ဖြစ်သည်။

"ဟိုနေ့ကကိစ္စကြောင့် ရှင်ကျွန်မကို လာရှာတာဆိုရင် ဘာအကျိုးမှ မရှိဘူး။ ကျွန်မတို့ကြားမှာ ဘာပြောစရာမှ မရှိဘူး"
ရှုချင်းရီက တွေ့တွေ့ချင်းပိတ်ပြောလိုက်သည်။

"ရှုချင်းရီဆိုတာ မှတ်ပုံတင်အတုမှန်း ကိုယ်သိပါတယ်"
ထိုလူက အပြုံးတစ်ခုဖြင့် ပြောလာသည်။

ရှုချင်းရီက ခနကြောင်သွားသော်လည်း
"ရှင့်မှာတခြားဘာပြောစရာရှိလို့လဲ?"

"ညန်ညန် မှတ်ညဏ်တွေ ပျောက်သွားတယ်ဆိုတာ ကိုယ်သိပါပြီ။ အဲ့ဒါကြောင့် ကိုယ့်ကိုမမှတ်မိတာမလား? အရင်တုန်းကအကြောင်း ဘာကိုမှ မသိတော့ဘူးပေါ့"

ထိုလူက ရှုချင်းရီအား နူးညံ့စွာကြည့်ကာ
"နောက်ဆုံးတော့ ကိုယ့်ညန်ညန်ကို တွေ့ခဲ့ပြီ"

ရှုချင်းရီက ဒေါသထွက်လာလေပြီ။
"ကျွန်မကို ညန်ညန်လို့ လာမခေါ်နဲ့! ရှင့်ကိုပြောပြီးသားမလား? ကျွန်မနာမည်က ရှုချင်းရီလို့။ ရှင်ခေါ်နေတဲ့ညန်ညန်နဲ့ ဘာမှမဆိုင်ဘူး။ ဒီလောကကြီးမှာ ရုပ်ချင်းဆင်တဲ့သူတွေအောလို့။ ရှင်သိတဲ့ညန်ညန်က ကျွန်မဆိုတာ ရှင်ဘာလို့ သေချာနေတာလဲ?"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now