105

3.5K 419 2
                                    

Unicode Ver

၁၀၅။ ငါသေပြီ

"အခုသက်သာပြီလား?"
မော့ဟန်က မေးလိုက်သည်။

"အင်း"
ရှုချင်းရီက ခေါင်းငြိမ့်ကာ ထိုင်စားတော့သည်။

မော့ဟန်က သူမနှင့် မျက်နှာချင်းဆိုင်ထိုင်ရင်း နှစ်ယောက်သားက တိတ်ဆိတ်စွာ စားနေကြသည်။ နောက်ဆုံးမှာ ရှုချင်းရီက စားနေသည့်အရှိန်ကို လျှော့ကာ ပြောလာသည်။

"ညီမလေး ကြိုးစားပြီး ပြန်ရှာကြည့်ချင်တယ်"

"ဘာကိုလဲ?"
မော့ဟန်က သူမကိုကြည့်ကာ မေးသည်။

"အရင်တုန်းက မှတ်ညဏ်တွေ. . ."
ရှုချင်းရီက လေးနက်စွာ ပြောသည်။
"အများကြီး တွေးပြီးပြီ။ အမြဲတမ်း ကိုကြီးအိမ်မှာ ဒီလိုဆက်နေလို့ မဖြစ်ဘူး။ ကိုယ့်ဘဝကိုယ် ဦးဆောင်ရမှာပေါ့။ ပြီးတော့ အရင်တုန်းက ဘာဖြစ်ခဲ့လဲဆိုတာကို သိချင်တယ်"

"ဘယ်လိုလုပ်မှာလဲ?"
မော့ဟန်က သူမကို ကြည့်မနေသော်လည်း မော့ဟန်၏ မျက်နှာမကောင်းမှန်းကို သူမခံစားမိနေရသည်။

"ညီမလေး. . .မသိဘူး. . .ဆေးရုံမှတ်တမ်းတွေကစပြီး ရှာရမလားပဲ"

မော့ဟန်က ခေါင်းငုံကာ ဆက်စားနေရင်းက
"ငါကရော ရှာမကြည့်ဘူးလို့ မင်းထင်လား? မင်းကို မမွေးစားခင်ကတည်းက ငါအသေးစိတ်ရှာကြည့်ပြီးပြီ။ အသုံးဝင်မယ့် အချက်အလက်မျိုး ငါမရဘူး"

ရှုချင်းရီက မော့ဟန်၏လေသံမှာ မကြည်မှန်း သိသော်လည်း
"ဒါဆိုရင် . . .ညီမလေးမှတ်မိတဲ့လမ်းကနေပေါ့။ ဝိုးတိုးဝါးတားဆိုပင်မယ့်လည်း . . .ကြိုးစားကြည့်ချင်တယ်. . .ပိုမှတ်မိလာ . . ."

ရှုချင်းရီ၏ စကားများကို မော့ဟန်က ဖြတ်ပြောလိုက်သည်။
"ဝိုးတိုးဝါးတား ဖြစ်နေတာကစမယ်? ဒါက လက်တွေ့မကျဘူးဆိုတာ မင်းမသိဘူးလား?"

သူမက စိတ်တိုလာသောကြောင့် တူကိုချလိုက်ကာ
"ဒါဆိုရင် ကိုကြီးက ညီမလေးကို စုံစမ်းခွင့်တောင် မပေးတော့ဘူးလား?"

မော့ဟန်က တိတ်သွားကာ ဘာကိုမှ ထပ်မပြောတော့ပေ။

ရှုချင်းရီက ရယ်ချင်လာသည်။
"မစုံစမ်းရင်လည်း နောက်ဆုံးကျရင် အကုန်ပြန်မှတ်မိလာမှာပဲဟာ။ အတိတ်မေ့နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုကြီးညီမ ရှုချင်းရီလို ဟန်ဆောင်ရင်း ဒီမှာပဲ အမြဲတမ်းသိမ်းထားမလို့လား?"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now