133

3.2K 364 7
                                    

Unicode Ver

၁၃၃။ ကိုက်ရာများ

မော့ဟန်က ဖုန်းပြောပြီးသည့်အခါ အခန်းထဲသို့ ပြန်ဝင်လာပြီး ရှုချင်းရီအား
"ငါရုံးမှာ လုပ်စရာရှိလို့ စာရွက်စာတမ်းတွေ သွားယူလိုက်ဦးမယ်။ ပြီးရင် ပြန်လာခဲ့မယ်"

ရှုချင်းရီက ခေါင်းကိုငြိမ့်ကာ
"ရတယ် ပြန်မလာလည်း ကိစ္စမရှိဘူး"

မော့ဟန်က
"ဆေးရုံမှာ လျှောက်သွားမနေနဲ့။ ကုတင်ပေါ်မှာပဲ လှဲပြီးအနားယူနေ။ ဆေးပုလင်းကုန်သွားရင် သူနာပြုဆရာမကိုခေါ်လိုက်။ နေလို့သိပ်မကောင်းရင် ဆရာဝန်ကိုပြော"

"သိပါတယ်။ သိတယ်။ ကိုကြီးက အရမ်းနားပူနားစာလုပ်တာပဲ"

မော့ဟန်က သူမကိုကြည့်ကာ
"ငါကနားပူနားစာလုပ်တယ်ဆိုရင်တောင်မှ ငါ့စကားကိုတော့ နားထောင်ရမှာပဲ"

ရှုချင်းရီက နှုတ်ခမ်းကိုဆူကာ ခေါင်းကိုလှည့်ပစ်လိုက်သည်။ မော့ဟန်ကတော့ ထွက်သွားသည်။

မော့ဟန်ထွက်သွားပြီးနောက် ရှုချင်းရီမှာ သူမဘေးနားကလူနာဖြင့် စကားအကြာကြီးမပြောပါ။ ဆရာဝန်က ဆေးလာစစ်သည့်အတွက် သူတို့စကားစပြတ်သွားခြင်း ဖြစ်သည်။ ဤသို့ဖြင့် ရှုချင်းရီမှာ ကုတင်ပေါ်တွင် ပျင်းရိစွာ လှဲနေရသည်။

ထို့နောက် သူမထထိုင်နေပြန်သည်။ ဆေးပုလင်းကုန်ခါနီးလောက်တွင် သူမစိတ်မရှည်တော့သဖြင့် လမ်းလျှောက်ထွက်တော့သည်။ သူမမတ်တပ်ရပ်သည့်အခါ ခါးမှာချက်ချင်းနာလာသည်။ သူမအကျီကိုလှန်ကြည့်လိုက်သည့်အခါ သူမခါးတွင် ခရမ်းရောင်သမ်းနေသည့် အညိုအမည်းကို မြင်လိုက်ရသည်။ သူမဗိုက်တွင်လည်း ခြစ်ရာများဖြင့် ဖြစ်သည်။ ထိုအခါမှ ဟိုလူကန်လိုက်သည်ကို ပြန်အမှတ်ရတော့သည်။

ဒါပင်မယ့် ရှုချင်းရီမှာ ရအောင်လမ်းလျှောက်ရန် ပြင်သည်။ သို့သော် သူမခြေထောက်တွင် ဖိနပ်စီးထားခြင်းမရှိသလို လက်ကလည်း ဖိနပ်စီးနိုင်သည့်အခြေအနေမဟုတ်ပေ။ သို့သော် ကွင်းထိုးဖိနပ်အပါးတစ်ရံကိုတွေ့သဖြင့် သူအလွယ်လေးစီးကာ ထွက်လာလိုက်သည်။ သူမသည် နဖူးတွင် ချွေးအေးများထွက်လောက်သည့်အထိ ခါးနာနေသည်ကို အောင့်ခံကာ ခြေတစ်လှမ်းချင်းစီကို အားယူပြီး နံရံကိုကပ်၍အားပြုကာ အခန်းအပြင်သို့ ထွက်လာလိုက်သည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now