33

5K 663 20
                                    

Unicode Ver

၃၃။ ကိုကြီးဘေးမှာအိပ်မယ်

မော့ဟန်က သူမကို တည်ကြည်စွာတစ်ချက်ကြည့်လိုက်ပြီးနောက် သူ့လက်ထဲမှာ စာရွက်စာတမ်းတွေကို ပြန်ရှာကာ
"အရမ်းပျော်မနေနဲ့ဦး။ ဒါကပြဿနာ သေးသေးလေးပဲ ရှိသေးတယ်။ ဥက္ကဋ္ဌကျန်းဖုံးကွယ်ထားတဲ့ဟာကို ရှာပြီးတော့ မရှင်းရသေးဘူး"

ရှုချင်းရီက နှုတ်ခမ်းဆူပြီး ထွက်သွားသည်။ သူမအခန်းထဲတွင် လျှောက်ကြည့်နေရင်းက နံရံပေါ်မှ နာရီက ၁၀နာရီထိုးသည်ကို တွေ့သွားသည်။

အတော်နောက်ကျနေပြီဖြစ်သောကြောင့် ရှုချင်းရီမှာ ပလုပ်လုပ်နေဆဲဖြစ်သည့်မော့ဟန်ကို ကြည့်လိုက်သည်။ သူသည် စီးပွားရေးဥပဒေစာအုပ်အထူကြီးကိုလည်းလှန်ကာ စာရွက်စာတမ်းတွေပြင်ကာ လျှောက်တင်မည့်စကားများကိုလည်း ပြင်ဆင်နေသည်။

"ပြန်ကြတော့မလား? ဆယ်နာရီရှိနေပြီ"

မော့ဟန်က သူ့လတ်ပတ်နာရီကိုကြည့်သည်။ ထို့နောက်သူလုပ်လက်စများကိုရပ်ကာ မတ်တပ်ထရပ်သည်။ ဒါပင်မယ့် သူကအလုပ်ဆင်းမည့်ပုံ မပေါက်လေဘူး။ သူ့ကုတ်အင်္ကျီကိုဝတ်ကာ
"လာ အိမ်ပြန်လိုက်ပို့ပေးမယ်"

ရှုချင်းရီက နည်းနည်းအံ့သြသွားသည်။
"ကိုကြီးက ဒီကိုပြန်လာဦးမှာလား?"

မော့ဟန်က ကားသော့ယူကာ လမ်းလျှောက်ရင်းပြောသည်။
"မနက်ဖြန်မနက် ဥက္ကဋ္ဌကျန်းရဲ့အမူအတွက် ရုံးချိန်းရှိတယ်။ အတည်မပြုရသေးတဲ့ စာရွက်စာတမ်းတွေရှိသေးတယ်။ မနက်ဖြန်မတိုင်ခင် ပြင်ဆင်ထားရမှာ"

"ဒါပင်မယ့် နောက်ကျနေပြီလေ!"

"ကျင့်သားရနေပါပြီ"
မော့ဟန်အမူအယာက အေးစက်ဆဲပင်။ သူလမ်းလျှောက်လာစဉ်တွင် သူ့အနားကိုဘယ်သူ့မှ မကပ်ရဲစေသည့် အရှိန်အဝါတို့ ထုတ်လွှင့်နေသည်။ ရုံးကလူတိုင်းက အိမ်ပြန်သွားကြပြီ။ ကော်ရစ်တာမီးကိုလည်းပိတ်ခဲ့ကြပြီး ရုံးစားပွဲပေါ်မှ စာကြည့်မီးများ၏ အလင်းရောင်သာရှိသည်။ သူတို့နှစ်ယောက်သည် မီးရောင်မှိန်မှိန်များကြားတွင် အပြင်သို့လျှောက်လာခဲ့ကြသည်။ မော့ဟန်က ကောင်တာရှိ ရှုချင်းရီဝယ်ခဲ့သမျှ အထုတ်အားလုံးကိုဆွဲသွားကာ ရှေ့မှလျှောက်သွားသည်။ ထို့နောက် ဓာတ်လှေကားစီးကာ အောက်ထပ်က ကားပါကင်သို့ သွားသည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now