185

2.6K 249 1
                                    

Unicode Ver

၁၈၅။ မသေဘူးလား?

ထိုလူက ပစ္စည်းကိုမပြီးထလိုက်သည့်အခါ သူမကို မြင်သွားသည်နှင့် မျက်လုံးပြူးသွားကာ
“လီနာ! ဘာဖြစ်လို့နင်. . .နင်မသေဘူးလား?”

ရှုချင်းရီသည် သူ့အားသံသယအပြည့်ဖြင့် စိုက်ကြည့်နေမိသည်။

ထိုလူက သူမအားသေချာကြည့်နေကာ သူမကျန်းမာစွာရှိနေသည်ကို မြင်သည်နှင့် ရယ်လိုက်ကာ
“နင်ရှင်နေသေးတယ်. . .မယုံနိုင်စရာပဲ. . .”
သူကထပ်မေးသည်။
“နင်ဒီကိုဘာလာလုပ်တာလဲ?”

ရှုချင်းရီက ဘာပြန်ပြောရမလဲ မသိပေ။ ဒီကိုသူမ၏မသိစိတ်အရသာ လျှောက်လာမိခြင်းဖြစ်သည်။ ဒီကိုဘာလာလုပ်တာလဲတော့ သူမလည်း မသိပေ။ သူမသည် ခနတွေးကာ မဝံ့မရဲမေးလိုက်သည်။
“ကျွန်မ အထဲကို. . .ခနဝင်ကြည့်လို့ရမလား?”

“သေချာပေါက်ကို ရတာပေါ့။ နင်က ငါ့တို့ဆိုင်ရဲ့ အမြဲတမ်းဖောက်သည်ပဲ. . .ဘယ်သူမှ ဝင်လို့မရရင်တောင် နင်ကတော့ ဝင်လို့ရတာပေါ့”
သူမအား သူကဆိုင်ထဲသို့ ခေါ်သွားသည်။ ဆိုင်ထဲရှိမီးရောင်က မှိန်မှိန်လေးဖြစ်ကာ အဝင်ဝမှာတင် ကတ္တုပုံးများဖြင့် ရှုပ်ပွနေသည်။ ထိုသူက ပုံးများကို ဖယ်လိုက်သည်။
“ဆိုင်က. . .အရင်လို မဟုတ်တော့ဘူး. . .ငါတို့ဆိုင်ကို ဝယ်မယ့်သူရှိနေတယ်။ ငါတို့အခုတလော ပစ္စည်းတွေ သိမ်းနေရတော့ နည်းနည်းတော့ ရှုပ်နေတယ်”

ဘားထဲတွင် စားပွဲနှင့်ခုံတို့ကတော့ ရှိနေဆဲဖြစ်သလို တီးဝိုင်းနေရာတွင်လည်း ပစ္စည်းအပြည့်အစုံဖြင့် ဖြစ်သည်။ ရှုချင်းရီက သီချင်းဆိုသည့်နေရာကို ကြည့်နေသည်ကို မြင်သည့်အခါ ထိုလူက ပြောသည်။
“ဟိုတလောတုန်းက အဆိုတော်တစ်ယောက် ရှိသေးတယ်။ နင်နဲ့ ရှောင်ယဲ့တို့သာ ဒီမှာရှိသေးရင် အဆိုတော်ကို ကြိုက်မှာပဲလို့ ငါတွေးနေမိတယ်။ ဒါပင်မယ့်လည်း နှမြောစရာပဲ. . .”

“အရင်တုန်းကပုံရှိလား? ကျွန်မကြည့်ချင်လို့”

“ရှိတယ်။ ဒီမှာနင်က ဓာတ်ပုံသိပ်မရိုက်ဘူးလေ။ သိတယ်မလား. . .သိပ်မသင့်တော်တော့. . .ငါတို့လည်း သိမ်းမထားရဲဘူး”
ထိုလူက ဘားကောင်တာအဝိုင်းထဲသို့ ဝင်သွားကာ ဘူးသေးသေးလေးတစ်ခုယူပြီး ထွက်လာသည်။ ထို့နောက် ရှုချင်းရီအား ဖွင့်ပေးလိုက်သည်။
“အများကြီးတော့ မရှိဘူး. . .ကြည့်ချင်သလောက်ကြည့်”

ရှုချင်းရီက ထိုပုံများကို ကြည့်လိုကသ်ည်။ အများစုသည် ညပိုင်းအချိန်မှာ ဒီဘားတွင် လူစည်ကားနေသည့်အချိန်မျိုး ရိုက်ထားသည့်ပုံတို့သာ ဖြစ်သည်။ သူမသည် ပုံတစ်ခုသို့ ရောက်သည့်အခါ ရပ်တန့်သွားသည်။

ထိုပုံတွင် သူမကပြုံးနေကာ သူမ၏ပုခုံးပေါ်သို့ လူတစ်ယောက်က လက်တင်ထားသည်။ ထိုလူသည် ၁၈နှစ်လောက်ပဲရှိသေးကာ ငယ်ရွယ်ပြီး မရင့်ကျက်သေးသည့်ပုံပေါ်သည်။ ထိုပုံ၏အနေအထားအရဆိုလျှင် သူမသည် ထိုကောင်လေးနှင့် စကားပြောနေပုံရသည်။ သူတို့နှစ်ယောက်က ပြုံးရွှင်စွာ စကားပြောနေကြခြင်း ဖြစ်သည်။

ထိုလူသည် ဒီပုံကို သူမအကြာကြီးကြည့်နေသည့်အခါ သူလှမ်းကြည့်လိုက်ပြီး သက်ပြင်းချကာ ပြောသည်။
“ရှောင်ယဲ့နဲ့ နင်နဲ့က တကယ်ကောင်းကြတယ်. . .အဲ့ဒီအချိန်တုန်းက. . .သနားစရာပဲ. . .”
ထိုလူက ထပ်ပြောသည်။
“သူ့အုတ်ဂူဆီကိုလာတာမလား? နင်တို့သူဌေးက ဒီနားမှာပဲ မြှုပ်ထားတယ်။ ရှောင်ယဲ့က ဒီမြို့က ထွက်သွားချင်တာမှ မဟုတ်တာ။ စိတ်မပူပါနဲ့ သူကအခုကောင်းတဲ့နေရာမှာ အနားယူနေပါပြီ”

ရှုချင်းရီသည် သူမအခုဘယ်လိုခံစားနေရသလဲကို မပြောတက်တော့ပေ။ သူမသည် အသက်ရှုမဝတော့သလို ဖြစ်နေသည်။ သို့သော်လည်း သူမ၏ရင်ထဲကတော့ ကြောက်ရွံစွာဖြင့် တုန်လှုပ်နေသည်။ သူမသည် ဓာတ်ပုံကိုတောင် မကိုင်နိုင်တော့သလို ဖြစ်နေသည်။ ပတ်ဝန်းကျင်လည်း ချာချာလည်အောင် သူမမူးဝေလာသည်။  ထို့ကြောင့် ရှုချင်းရီသည် သူမကိုသူမ မနည်းထိန်းက ဆိုင်ထဲမှထက်လာတော့သည်။ ဆိုင်ရှင်သည် စိတ်ပူစွာဖြင့် သူမ၏အနောက်ကလိုက်ကာ သူမကိုထိန်းပေးနေရသည်။
“လီနာ! ဘာဖြစ်တာလဲ? ဘယ်ကိုသွားမလို့လဲ?”

သူမသည် ယိုင်ထိုးနေသဖြင့် အကုန်လုံးကို တိုက်မိကာ အသက်ကို မနည်းရှုနေရသည်။

“လီနာ! နေမကောင်းဘူးလား?”
ထိုလူက ကြမ်းပြင်ပေါ်သို့ သူမလဲကျမည်ကို စိုးရိမ်သဖြင့် လက်မောင်းကနေ ဆွဲပေးထားရသည်။

သူမသည် အလင်းရောင်ရှိရာသို့ လျှောက်သွားသည်။ သူမည် နေရောင်ကို တစ်ခါမှ မမြင်ဖူးသလို ဖြစ်နေသည်။ သူမသည် အသက်ကိုမနည်းရှုနေရသည်။ ချွေးတွေကလည်း တစ်ကိုယ်လုံးစိုရွှဲနေကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ သူမသည် ဘာကိုမှ မခံစားမိတော့ကာ သူမ၏အနားမှ အသံတိုးတိုးကိုသာ ကြားနေရသည်။
“အဆင်ပြေရဲ့လား? အရေးပေါ်ကိုခေါ်! အရေးပေါ်!”
သူမသည် ထိုလူ၏စိုးရိမ်တကြီးအသံကို ကြားနေရင်းမှ သတိမေ့သွားသည်။ သူမသည် ဘာကိုမှလည်း မကြားတော့သလို သူမ၏ကမ္ဘာကြီးမှာလည်း အမှောင်ကျသွားကာ တိတ်ဆိတ်သွားသည်။ ထိုအခါ သူမအိပ်မက်ရှည်ကြီးတစ်ခုကို မက်ခဲ့သည်။

အိပ်မက်ထဲမှာ သူမသည် လမ်းအရှည်ကြီးတစ်ခုပေါ်တွင် လျှောက်နေသည်။ နှင်းတွေက သူမပတ်ဝန်းကျင်တွင် ဖုံးလွှမ်းနေသောကြောင့် အဖြူရောင်ကိုသာ သူမမြင်ရသည်။ သူမသည် ဘယ်ကိုရောက်နေမှန်းလည်း မသိရဘဲ နှင်းတွေဖြင့်သာ ဖုံးလွှမ်းနေသဖြင့် သူမသည် ခြေဦးတည့်ရာကို ဆက်လျှောက်နေသည်။

ထို့နောက်တွင် သူမသည် လူတစ်ယောက်ကို တွေ့လိုက်သည်။ ထိုလူက သူမအား အမှောင်ထဲကို ဦးထုပ်ကိုငိုက်ငိုက်ဆောင်းကာ စကားလာပြောသည့်သူ ဖြစ်သည်။ ထိုလူက သူမကို လက်လှမ်းပြနေသည်။

သူမသည် ပျော်ရွှင်စွာဖြင့် ထိုလူဆီသို့ ပြေးသွားသည်။ သူမ၏နားထဲတွင် လေတိုးသံတို့ကို ကြားနေရကာ သူမ၏ခြေထောက်အောက်မှ နှင်းတို့က အရည်ပျော်လာသည်။ နှင်းတို့က ရေဖြစ်သွားကာ သူမခြေထောက်ကို စိုသွားသည်။ သူမသည် ရေများကိုဖြတ်ကာ ထိုလူရှိရာသို့ ဆက်ပြေးနေသည်။

သူမပြေးနေစဉ်တွင် သူမ၏ပတ်ဝန်းကျင်တွင် အတိတ်မှမှတ်ညဏ်များကို တွေ့လိုက်ရသည်။ ထိုမှတ်ညဏ်တို့က ကြယ်တွေလို လင်းလက်နေကာ သူမအား ဝိုင်းလိုက်ကြသည်။ သူမသည် ပြေးနေခြင်းကို ရပ်လိုက်ကာ ထိုမှတ်ညဏ်တို့ကို ထိကြည့်လိုက်သည်။ ထိလိုက်သည်နှင့် သူမပြန်မှတ်မိသွားသည်။ ထိုမှတ်ညဏ်များကို စုနေစဉ်တွင် သူမ၏ခြေထောက်အောက်မှ ရေသည် တဖြည်းဖြည်းများလာကာ သူမကိုမြုပ်သွားသည်။

ဒီအိပ်မက်သည် ဆေးရုံတွင် သူမမက်လေ့ရှိသည့် အိပ်မက်မျိုးသာဖြစ်သည်။ သူမည် နက်ရှိုင်းသည့် ပင်လယ်ထဲသို့ နစ်မြုပ်နေသည်။

၁၁နှစ်အရွယ် စုန်ညန်မူလေးည် အိမ်မှထွက်ကာ အကြွေးရှင်များ၏ အနောက်သို့ လိုက်သွားသည်။ ဒီလိုလိုက်သွားလျှင် ထိုလူတို့က သူမကိုသတ်ပစ်ရုံအပြင် ဘာမှလုပ်စရာမရှိလောက်ဟု စုန်ညန်မူလေးသည် ရိုးရှင်းစွာ တွေးခဲ့သည်။ သူမလေးအတွက်တော့ သူမ၏မိသားစုသာ ဘာမှမဖြစ်လျှင် သူမသေသွားရလည်း ဘာမှဆုံးရှုံးစရာ မရှိပေ။ သို့သော်လည်း သေခြင်းထက် ရှင်သန်ရခြင်းက အခက်ခဲဆုံးအရာဖြစ်ကြောင်းကို သူမမသိခဲ့ပေ။

ထိုလူများက သူမကို မသတ်ခဲ့ပေ။ သူတို့က သူမအား လူတစ်ယောက်ဆီသို့ ခေါ်သွားကာ ထိုလူ၏ခြေထောက်အောက်တွင် ဒူးထောက်ရန် ကန်ကြသည်။ ထိုလူသည် တတိယသခင်လေးသာဖြစ်၍ သူမသည် အတိတ်တစ်ခုလုံးတွင် ဒီလူကိုခေါင်းငုံခစားရင်း ရှင်သန်ခဲ့ရသည်။

တတိယသခင်လေးသည် မာဖီးယားဂိုဏ်း၏ “အဆိပ်သုံး”ဖြစ်သည်။ သူသည် ညီအကိုများထဲတွင် သုံးယောက်မြောက်ဖြစ်ကာ အငယ်ဆုံးလည်း ဖြစ်သည်။ ဂိုဏ်းထဲက လူများက သူ့အား “တတိယသခင်လေး”ဟု လေးစားစွာ ခေါ်ကြရသည်။

တတိယသခင်လေးသည် ညီအကိုများထဲတွင် အချောဆုံးဖြစ်ကာ သူ့အနားတွင် မိန်းမပြတ်သည်ဟူ၍ မရှိပေ။ သူသည် လိုအပ်သည့်အချိန်တိုင်း လူမျိုးစုံအရှေ့တွင် မိန်းမမျိုးစုံကို ပွေ့ဖက်ကာ ပြုံးရွှင်စွာ စကားပြောလေ့ရှိသလို မိန်းမမျိုးစုံနှင့်လည်း ပျော်ပါးတက်သည်။ တတိယသခင်လေးအတွက် မိန်းမများသည် အဆင်တန်ဆာလိုသာ ဖြစ်သည်။ သူစိတ်တိုင်းမကျလျှင် “အဆိပ်သုံး”ဟုသည့် ဂုဏ်ပုဒ်အတိုင်း ထိုမိန်းမများကို တသက်လုံးခံစားရအောင် လုပ်တက်သည်။

“တတိယသခင်လေး ရှာနေတဲ့သူနေရာမှာ ဒီကောင်မလေးဆိုရင်ရော?”
စုန်ညန်မူအား ကန်လိုက်ကာ လူတစ်ယောက်က ပြောသည်။

တတိယသခင်လေးက သူမ၏မျက်နှာကို ခြေထောက်ဖြင့် မော့စေကာ ကြည့်လေသည်။ ထိုနောက် ရက်စက်သလို အက်ရှရှအသံဖြင့်
“အသက်ဘယ်လောက်လဲ?”
“၁၁”

“ငယ်လွန်းတယ်။ ငါ့မှာ သူ့ကိုလေ့ကျင့်ပေးဖို့ အချိန်မရှိဘူး”

“သူဘယ်ကလာသလဲဆိုတာ ပြောပြရမလား?”

တတိယသခင်လေးက ထိုလူကိုကြည့်ကာ
“ပြော”

“သူ့အဖေက ကျွန်တော်တို့ဆီမှာ အကြွေးတင်နေတာ။ သူတို့မိသားစုတစ်ခုလုံးက တောင်းပန်နေတဲ့အချိန်မှာ သူတစ်ယောက်တည်း မျက်ရည်တစ်ပေါက်မကျတာ။ ကျွန်တော့်ဆီကိုလာပြီး သူ့မိသားစုကို လွှတ်ပေးဖို့ ဘာလုပ်ရမလဲလို့ တည်တည်ငြိမ်ငြိမ်လာမေးတာ”

တတိယသခင်လေးက စိတ်ဝင်စားသွားကာ ဆိုဖာပေါ်မှာ ထိုင်ရင်း ထိုလူ၏စကားကို နားထောင်နေသည်။

“ကျွန်တော်တို့ကို ပျော်အောင်လုပ်ပေးရမယ်ပြောတော့ သူက ဘယ်လိုလုပ်ရမလဲလို့ မေးတယ်”

စုန့်ညန်မူသည် စိုးရိမ်စွာဖြင့် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ထိုင်နေရသည်။ သူမသည် ခေါင်းကိုငုံထားကာ ခုနတုန်းက သူမလုပ်ခဲ့သည်များကို ပြန်ပြောနေကြသည်ကို နားထောင်နေရသည်။ သူမသည် ခေါင်းကို လုံးဝမော့မကြည့်ရဲပေ။ ဆိုဖာပေါ်ကလူက ထလာကာ သူမ၏မေးများကို လက်ဖြင့်ဖျစ်ညှစ်ကာ သူ့အားမော့ကြည့်စေသည်။ သူမကို သေချာကြည့်နေသည့်အခါ စုန်ညန်မူကလည်း မကြောက်သလိုလုပ်ရန် သတ္တိမွေးကာ ပြန်စိုက်ကြည့်လိုက်သည်။
“ရုပ်မဆိုးဘူး”
ထိုလူက သူမကိုသုံးသပ်သည်။
“ကလေးမလေး ငါတို့ပြောနေတဲ့ ပျော်အောင်လုပ်ပေးရမယ်ဆိုတဲ့ အဓိပ္ပါယ်ကို သိလား?”

“ရောင်းစားမလို့လား? ဒါမှမဟုတ် သတ်ပစ်တော့မှာလား?”
စုန်ညန်မူလေးသည် မကြောက်မလန့် ပြန်မေးလိုက်သည်။

ထိုလူက ပြုံးကာ
“စိတ်မပူပါနဲ့။ လူအိုကြီးတွေ နှိပ်စက်ဖို့အတွက် ငါတို့နင့်ကို မရောင်းပါဘူး။ ငါတို့က နင့်အဖေတင်နေတဲ့အကြွေးတွေနဲ့ နင့်ကိုဝယ်လိုက်မှာ။ ဒီငွေပမာဏအများကြီးအတွက် နင်တစ်ယောက်တည်းနဲ့ လဲလိုက်ရတာက အရှုံးမရှိဘူးလို့ မထင်ဘူးလား?”

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now