18

6.3K 770 15
                                    

၁၈။ မှတ်ပုံတင်ပေးပါ

အိမ်ကိုရောက်ပြီးတဲ့အခါမှာ ဆိုဖာပေါ်မှာ မထိုင်ခင် စာရွက်စာတမ်းတွေကို ယူလိုက်သည်။
"ငါတို့စကားမပြောရအောင်"

ကောင်မလေးက သူဘာကိုပြောချင်လဲဆိုတာကို မသိဘူး။ စိတ်ရှုပ်စွာနဲ့ သူမကဆက်ရပ်နေသည်။ ငါ့ကိုကန်ထုတ်တော့မှာလား? ငါဒီမှာနေတာ တစ်ရက်ပဲရှိသေးတာတောင်?

မော့ဟန်က နက်ကထိုင်ကိုဖြေကာ စာရွက်စာတမ်းတွေကို သူမဘက်ကို ရွှေ့လိုက်သည်။
"ဒီနေ့ ရဲစခန်းသွားခဲ့တယ်"

သူမက ခေါင်းကိုငုံထားကာ ဘာမှပြန်မပြောဘူး။

"မင်းမိသားစုက အရင်ရက်တွေတုန်းက အဆက်အသွယ် မလုပ်ဘူး"
မော့ဟန်က ပြောသည်။

ကောင်မလေးက ပြန်မပြောဘူး။ သူပြောသမျှက သူမနဲ့ဘာမှမဆိုင်သလိုပဲ သူမအမူအယာက တည်ငြိမ်နေသည်။

မော့ဟန်က သူမနည်းနည်းတော့ ဝမ်းနည်းမည် ထင်ခဲ့ပင်မယ့် သူမက သူထင်သလို ဟုတ်ပုံမရဘူး။

"ဟိုနေ့တုန်းက ငါ့law firmမှာ မင်းငါ့ကို ကူညီခဲ့တယ်။ အခုမင်းက တစ်ယောက်တည်း။ ကလေးလည်း မဟုတ်တော့ မိဘမဲ့ဂေဟာလည်း ပို့မရဘူး။ အဲ့ဒါကြောင့် . . ."
တချို့အကြောင်းတွေကြောင့် တရားရုံးမှာရှိတဲ့ သူ့ယုံကြည်မှုက ပျောက်သွားသည်။ သူရှေ့က မိန်းကလေးဆီမှာ စကားလုံးတွေ ပျောက်ရှသွားသည်။

ကောင်မလေးက သူ့ကိုနားမလည်စွာ ကြောင်ကြည့်နေသည်။

"မင်းအတွက် စာရွက်စာတမ်းတွေ ပြင်ခဲ့တယ်"

မော့ဟန်က သူ့စကားမှာ အဓိပ္ပာယ်အများကြီး ရှိနေပြီး အထင်လွဲမှာစိုးတာကြောင့် အမြန်ပြောလိုက်သည်။
"အထင်မလွဲနဲ့။ ငါပြောချင်တာက မင်းငါ့အိမ်မှာ ခနတဖြုတ် နေလို့ရတယ်။ ပြီးတော့ မင်းကိုပြောမယ့်ဟာက ငါမင်းကို နာမည်တစ်ခုပေးထားမယ်"

ကောင်မလေးက မယုံကြည်နိုင်ဘူး။ အရင်ရက်တုန်းက သူမကို ဂရုမစိုက်ဘဲ ကန်ထုတ်ခဲ့တာကို တွေးမိသည်။ ဒါပင်မယ့် အခုတော့ သူက သူမကို ကူညီပြန်သည်။ စဉ်းစားကြည့်လိုက်ရင် နည်းနည်းရယ်ချစ်စရာ ဖြစ်နေသည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now