175

2.7K 252 2
                                    

Unicode Ver

၁၇၅။ သူ့ကိုမထိနဲ့

ဉက္ကဌကြီးက သူမအား စားသောက်ဆိုင်ကြီးသို့ ခေါ်သွားကာ သီးသန့်ခန်းထဲတွင် စားစေသည်။ ရှုချင်းရီသည် သူမ၏အရှေ့က ဟင်းပွဲများကို ကြည့်နေမိသည်။ ရှုချင်းရီမှာ ဗိုက်တကယ်ဆာလာပြီ ဖြစ်သည်။ သူမစားရန် သင့်တော်သည့်အချိန်မဟုတ်သည်ကို သိသော်လည်း သူမ၏မျက်လုံးများက အစားအစာတို့တွင်သာ ရှိနေသည်။ ထိုလူကြီး၏ရည်ရွယ်ချက်ကို မသိသေးသောကြောင့် သူမ၏စားချင်စိတ်ကို မနည်းထိန်းနေရသည်။

"ပြောချင်တာကို ပြောလို့ရပါပြီ ဉက္ကဌကြီး"
ရှုချင်းရီက ဒီအခြေအနေကြီးကို မြန်မြန်အဆုံးသတ်ချင်လာသဖြင့် ပြောလိုက်သည်။

"ကြည့်ရတာ မိန်းကလေးက ဒါတွေကိုစားမကြည့်ဘဲ ဆွေးနွေးဖို့ကို စိတ်မရှည်တော့ဘူး ထင်ပါရဲ့။ ဒီလိုတည့်တိုးဖြစ်တဲ့စရိုက်ကို သဘောကျတယ်"

ဉက္ကဌကြီးက သူမအားခေါင်းစောင်းကြည့်ကာ
"ဒီလိုပါ။ လက်ရှိအမှုကို မင်းရဲ့အကိုကြီးနဲ့ ငါအလုပ်လုပ်ချင်တယ်။ ဒါပင်မယ့် သူကငါပြောတာကို လက်မခံဘဲ အရင်ရက်တုန်းက ငြင်းလိုက်တယ်။ မင်းတို့က ရင်းနှီးကြတယ်ဆိုတော့ သူ့ကိုမင်းက ကူပြောပေးရင်ကောင်းမယ်လို့ တွေးမိတာပါ။ ကူညီမယ်ဆိုရင်တော့ မင်းစိတ်တိုင်းကျ အကျိုးဆောင်ခပေးပါ့မယ်"

ရှုချင်းရီက သူ့စကားကိုကြားသည့်အခါ စိတ်ထဲတွင် လှောင်ရယ်မိလိုက်သည်။
'မော့ဟန်နဲ့ရင်းနှီးတယ်? ဒီလူကြီးက ငါတို့မတည့်တာတော့ကို မသိဘဲ ညီမလေးအထင်နဲ့ လာအကူအညီတောင်းနေတယ်ပေါ့? ငါသာအခု ကိုကြီးအလုပ်ကို ဝင်ရှုပ်လိုက်ရင် သေတာထက်တောင် ပိုဆိုးသွားလောက်တယ်'

"ကျွန်မရဲ့အကိုကြီးက သူ့အလုပ်ကိစ္စကို သူဆုံးဖြတ်ပြီးသားဆိုမှတော့ အခြားသူတွေ ဘာပြောပြော လက်ခံမှာမဟုတ်ဘူး။ ကျွန်မကူညီချင်ရင်တောင် မကူညီနိုင်တော့မှာမလို့ အားနာပါတယ်"

"အခြားသူတွေဆိုရင်တော့ ဟုတ်ရင်ဟုတ်လိမ့်မယ်။ မင်းကတော့ ဒီလိုဟုတ်မှာ မဟုတ်ပါဘူး။ ရှေ့နေကြီးက သေချာပြန်တွေးပေးမှာပါ"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now