89

3.8K 544 7
                                    

Uncode Ver

၈၉။ ကလေးတွေ

"ပျင်းနေပြီလား?"
ရှုချင်းရီက မေးသည်။

"ရပါတယ်"

"အပြင်ထွက်ရအောင် လိုက်ပို့ပေးမယ်။ ကိုကြီးက ဝှီးချဲလ်ပေါ်မှာ ထိုင်လိုက်။ ညီမလေးက အပြင်မှာ လေကောင်းလေသန့်ရှုရအောင် လိုက်ပို့ပေးမယ်"

"အပြင်သွားချင်နေတဲ့သူက မင်းမလား?"
မော့ဟန်က ပြောသည်။

ရှုချင်းရီက ခနတောင့်ခဲသွားပြီးမှ ခေါင်းကိုဖြည်းဖြည်းငြိမ့်ကာ
"ဆေးရုံနံ့ကြီးက မကောင်းဘူး။ ညီမလေး မကြိုက်ဘူး"

မော့ဟန်က သူမကိုကြည့်ပြီးနောက် စောင်ကိုခွာကာ ကုတင်ပေါ်က ဆင်းလိုက်ပြီး
"သွားကြမယ်"

"ဝှီးချဲလ်သွားယူလိုက်မယ်"
ရှုချင်းရီက ထရပ်သည်။

မော့ဟန်က သူမကိုတားကာ
"မလိုဘူး။ ရတယ်။ ငါ့ခြေထောက်ထိမိတာမှ မဟုတ်တာ"

သူ့ဗိုက်ကလည်း မနာတော့သလို သူအနည်းငယ်သာ ပင်ပန်းသလို ခံစားနေရသောကြောင့် ကုတင်ပေါ်ထိုင်နေရခြင်းဖြစ်သည်။ ပြတင်းပေါက်အပြင်ကို သူကြည့်လိုက်သည့်အခါ အပြင်တွေ လေထန်နေသောကြောင့် အေးမည့်ပုံပေါ်သည်။ ထို့ကြောင့် သူကုတ်အကျီကို ထပ်ဝတ်လိုက်ကာ ရှုချင်းရီအား
"အပြင်မှားအေးမယ်။ အပေါ်ထပ်ဝတ်ခဲ့"

ရှုချင်းရီက ပြောသည်။
"မအေးပါဘူး။ ညီမလေး အပြင်ကလာတာ ဘာကြာသေးလို့"

"ဝတ်လိုက်"

ရှုချင်းရီက သူမကိုယ်ပေါ်က လက်ရှည်အကျီကို ငုံကြည့်ရင်း ပြောသည်။
"ဒါပင်မယ့် အပြင်ကနေလာတုန်းက ဒီဟာအောက်မှာတစ်ထပ်ပဲပါတာ"

"ဘာဖြစ်လို့ ထွက်လာတုန်းက ဝတ်မလာတာလဲ?"

ရှုချင်းရီက သူ့ကိုကြည့်ရင်း ညစ်ကျယ်ကျယ်ပြုံးမိသည်။
"တနေ့လုံး သွားလိုက်ပြန်လိုက်လုပ်နေရတာကို။ ဆေးရုံမှာ မရှိရင် ကျောင်းရောက်နေလို့ပဲ။ ဘယ်လိုလုပ် အဝတ်ထူထူဝတ်လာဖို့ အချိန်ရမှာလဲ?"

ဒါပင်မယ့်လည်း သူမဟာ တည်ငြိမ်စွာဖြင့်
"ထားလိုက်ပါတော့"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now