51

4.2K 583 3
                                    

၅၁။ အရင်အိပ်ယာဝင်နှင့်မယ်

"ပြီးခါနီးနေပြီ။ ဒီကအလုပ်တွေကို နည်းနည်းလက်စသတ်ဖို့လိုနေလို့"
မော့ဟန်က ပြောသည်။
"ဘာစားချင်လဲ?"

"ဘာပဲဖြစ်ဖြစ်။ အစပ်မဟုတ်တဲ့ဟာမျိုး"

မော့ဟန်အိမ်ကို ပြန်ရောက်သည့်အခါ ၁၀နာရီဖြစ်နေပြီး သူ့ရုံးအနားက ဆိုင်မှမုန့်လည်း ဝယ်လာခဲ့သည်။ အစက ရှုချင်းရီအတွက်ပဲ စွပ်ပြုပ်ဝယ်ဖို့ ရည်ရွယ်ထားပင်မယ့် ထိုကောင်မလေးရှိနေတည်းက သူ့၏အစားစားချင်စိတ်လည်း ပြန်အလုပ်လုပ်လာသောကြောင့် သူ့အတွက်ပါ နှစ်ပွဲဝယ်လာဖြစ်ခဲ့တော့သည်။

သူ့ဖိနပ်လဲပြီး ဧည့်ခန်းထဲကို ဝင်လာသောအခါ ရှုချင်းရီက ကြမ်းပြင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ရင်း ဆိုဖာကိုမှီကာ သူမခြေထောက်သွယ်သွယ်လေးတွင် ပေါ်နေသည်ကို သတိမထားမိဘဲ TVကြည့်နေလေသည်။

"ကြမ်းပြင်ပေါ်မှာ မအေးဘူးလား?"
မော့ဟန်က စားပွဲပေါ်တွင် မုန့်ထုပ်တွေကိုချရင်းမေးသည်။

ရှုချင်းရီ၏ မျက်လုံးများမှာ မုန့်ကိုမြင်သည်နှင့် တောက်ပလာသည်။
"မအေးပါဘူး။ ထိုင်ကောင်းပါတယ်"

ရှုချင်းရီက စားပွဲပေါ်က မုန့်ထုပ်များကို လာဖွင့်ရင်း
"ဝယ်လာတာက များမနေဘူးလား?"

"ငါလည်းစားမှာ"

ရှုချင်းရီက သူ့ကိုမော့ကြည့်ကာ သွားပေါ်အောင်ရယ်ပြရင်း
"ကောင်းတာပေါ့။ အဖော်ရပြီ။ အတူတူစားကြမယ်နော်"

မော့ဟန်က လက်တစ်ဖက်ဖြင့် နက်ကတိုင်ကိုဖြေရင်း နောက်တစ်ဖက်ဖြင့် သူ့ခါးပေါ်က အကျီကြယ်သီးကို ဖြုတ်ကာ အခန်းထဲကို ဝင်သွားရင်း
"ခနစောင့်ဦး။ မုန့်တွေကို ထမင်းစားခန်းက စားပွဲပေါ်မှာထားလိုက်။ မစားခင် အရင်အဝတ်သွားလဲလိုက်မယ်"

ရှုချင်းရီက စားပွဲပေါ်က မုန့်များကို ငမ်းနေရင်းကနေ
"မြန်မြန်လဲနော်!"

မော့ဟန်က အိမ်နေရင်း အဝတ်ကိုလဲလိုက်ပြီးသွားချိန်မှာတော့ ရှုချင်းရီက ထမင်းစားခန်းက စားပွဲဘေးတွင် တူတစ်စုံကိုင်ကာ ကျကျနနထိုင်နေရင်း မုန့်ကိုပဲ ကြည့်နေသည်။
"ကဲ စားကြတာပေါ့"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now