20

5.9K 639 3
                                    

၂၀။ ဘာဖြစ်လို့ ဒီမှာအိပ်နေတာလဲ?

မော့ဟန်အိမ်ပြန်ရောက်သည့်အခါ သူမဧည့်ခန်းမှာ ထိုင်နေလိမ့်မည်ဟု သူထင်ခဲ့သည်။ ဒါပင်မယ့် ဧည့်ခန်းမှာ ရှိမနေဘူး။ သူအော်ခေါ်ပင်မယ့် ဘယ်သူမှပြန်မထူးဘူး။ နောက်ဆုံးမှာ သူအခန်းပိုကို တံခါးဖွင့်ကြည့်လိုက်သည်။ ထူးဆန်းစွာပဲ အဲ့ဒီအခန်းထဲမှာလည်း မရှိပြန်ဘူး။

အိမ်မှာနေခိုင်းထားတာကို။ ဒီကောင်မလေး ဘယ်သွားပြန်ပြီလဲ?

သူအိပ်ခန်းအပေါက်ဝရပ်နေတုန်းမှာ သူ့အိပ်ခန်းကနေ အသံသေးသေးလေး ထွက်လာသည်။ အသံလာရာဆီကို လျှောက်သွားပြီး တံခါးဖွင့်ကြည့်လိုက်သောအခါ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် လန့်သွားသည်။

သူ့အခန်းဝတွင် မီးခိုးရောင်ချည်အခင်းတစ်ခုရှိသည်။ ကောင်မလေးက ထိုအခင်းပေါ်တွင် ကိုယ်လေးကိုကွေးကာ စောင်ပါးလေးတစ်ထည်ချုံရင်း အိပ်နေသည်။ သူမခြေထောက်နားတွင် ပုလင်းတစ်လုံးမှာ လဲကျနေသည်။ သူမအိပ်နေသည့်အချိန်တွင် ယောင်ပြီး ထိုပုလင်းကို ကန်မိခဲ့ခြင်းဖြစ်မည်။

သူမျက်မှောင်ကျုံမိလိုက်သည်။
ဒီကောင်မလေးက ငါ့အိပ်ခန်းအဝမှာ ဘာဖြစ်လို့ လာအိပ်နေရတာလဲ?

သူမအနားလျှောက်သွားကာ ကုန်းလိုက်ပြီး တံတောင်နှင့် တွတ်လိုက်သည်။
"ထ! ထ!"

သူမကမျက်လုံးဖွင့်လိုက်ကာ အိပ်ချင်စုံမွှားမျက်လုံးလေးဖြင့် သူ့ကိုကြည့်ကာ မေးသည်။
"ဘာဖြစ်လို့လဲ?"

"ဘာဖြစ်လို့ ကိုယ့်အခန်းမှာကိုယ်မအိပ်တာလဲ? ဘာဖြစ်လို့ ငါ့အခန်းဝက အခင်းမှာလာအိပ်နေတာလဲ?"

သူက သူနေရာကို တခြားသူကျူးကျော်ခြင်းကို မကြိုက်မှန်း သူမသတိထားမိသွားသောအခါ ချက်ချင်းထလိုက်ပြီး စောင်ကိုကောက်ယူလိုက်ကာ ရှင်းပြပါသည်။
"ကျွန်မအိပ်ရာခင်းက အရမ်းအိစက်နေတော့ အိပ်မရလို့။ ကြမ်းပြင်ကလည်း အရမ်းအေးပြီး မာလွန်းတော့ အဆင်မပြေပြန်ဘူး။ နေရာတိုင်းကို လိုက်ရှာပင်မယ့် ရှင့်အခင်းက အိပ်ဖို့အကောင်းဆုံး ဖြစ်နေတာ။ အဲ့ဒီအတွက် တောင်းပန်ပါတယ်"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now