129

3.2K 366 3
                                    

Unicode Ver

၁၂၉။ ထောင်ထဲမှာ

မော့ဟန်၏အတွေးတို့မှာတော့ သူမနာကျင်နေသမျှကို သူသာကိုယ်စားခံပေးချင်နေတာ ဖြစ်တော့သည်။ သို့သော်လည်း သူလုပ်နိုင်သည်က သူမဘေးတွင် အဖော်ပြုကာ သူမ၏ဖြူဖျော့နေသည့် မျက်နှာလေးအား ကြည့်နေရုံသာ ဖြစ်တော့သည်။ မော့ဟန်သည် ပထမဆုံးအကြိမ်အဖြစ် ကူကယ်ရာမဲ့သလို ခံစားနေရသည်။

ဆရာဝန်က ကုသပြီးသွားသည့်အခါ ရှုချင်းရီခေါင်းအား ခေါင်းဦးပေါ်သို့ အသာအယာချကာ သူ့လက်အိတ်နှင့် နှာခေါင်းစည်းတို့ကို ချွတ်သည်။
"၆ချက်ချုပ်လိုက်ရတယ်ဗျာ။ အမာရွတ်ကတော့ ကျန်ခဲ့မှာပဲ။ တော်သေးတာက ဆံပင်တော့ ပြန်ပေါက်လာပြီး ဖုံးထားလို့ရသေးတယ်"

ဆရာဝန်က ဆက်ပြောသည်။
"သူ့ကို CTရိုက်ရမယ်။ ချုပ်ပြီးပတ်တီးစီးပေးထားပင်မယ့် ခင်ဗျားညီမလေးရဲ့ ကိုယ်မှာ အတွင်းပိုင်းထိခိုက်မှု ရှိ၊မရှိဆိုတာ စစ်ကြည့်ရမယ်။ CTရိုက်ပြီးသွားရင် အရိုးအကြောဌာနကို ပို့လို့ရပြီ။ အဲ့ဒီမှာ ကျောက်ပတ်တီးစီးပေးလိမ့်မယ်။ ၂ပတ်လောက်တော့ လက်ကလှုပ်လို့ရမှာ မဟုတ်သေးဘူး"

မော့ဟန်က လက်ပိုက်ကာရပ်နေရင်း ဆရာဝန်ပြောသမျှကို ခေါင်းငြိမ့်ကာ နားထောင်သည်။

"ဆေးရုံမှာ စောင့်ကြည့်ဖို့ ခနတော့ နေရလိမ့်မယ်။ ထူထူထောင်ထောင် ဖြစ်လာဖို့လိုတယ်။ သူ့ကိုယ်က အခုအားနည်းနေသေးတယ်"

မော့ဟန်က ပြန်ပြောသည်။
"နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ် ဆရာ"

ဆရာဝန်ထွက်သွားသည့်အခါ မော့ဟန်က သူနာပြုမတွေနောက်သို့ လိုက်သွားကာ လုပ်ဆောင်စရာရှိသည်များကို လုပ်တော့သည်။ သူတို့က ရောဂါရှာဖွေရေးစက်ထဲသို့ ရှုချင်းရီအား ထည့်ကာ စစ်ဆေးကြည့်သည့်အခါ ခွဲစိတ်ရလောက်သည့် ပြဿနာ သူမတွင် မရှိပေ။ တစ်ခုတည်းသောပြဿနာဟူ၍ သူမကအားနည်းနေသောကြောင့် နာလန်ထူရန် အချိန်ကြာမြင့်မှာပင်ဖြစ်သည်။ အကုန်ကုသပြီးသွားသည့်အခါ မော့ဟန်က ရှုချင်းရီ၏ဘေးတွင်ထိုင်ကာ သူမလက်လေးကို ကိုင်ထားသည်။ မော့ဟန်သည် ရှုချင်းရီ၏အောက်စီဂျင်ပိုက်တပ်ထားရကာ စက်မှထွက်နေသည့် နှလုံးခုန်သံမှန်မှန်လေးကိုကြားမှသာ စိတ်အေးနိုင်တော့သည်။ ထိုအချိန်မှသာ မော့ဟန်သည် သူပင်ပန်းနေကြောင်းကို သတိထားမိလာတော့သည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now