103

3.7K 497 11
                                    

Unicode Ver

၁၀၃။ အသက်ကယ်မည့် ကောက်ရိုးမျှင်

မော့ဟန်က သူလုပ်နေသည်များကို ခနရပ်မိသွားသည်။ ထို့နောက် ဘာစကားတစ်ခွန်းမှ မဟတော့ဘဲ ရှုချင်းရီ၏ ဆံပင်ကို ဆက်သုတ်ပေးလိုက်သည်။ သူမ၏ဆံပင်ကို သုတ်ပေးပြီးကာမှ ပွေ့ချီလိုက်သည်။ လူအုပ်ကြီးကိုဖြတ်ကာ ဟိုတယ်၏ဧည့်ကောင်တာသို့သွားပြီး အခန်းတစ်ခန်း ပေးရန် ပြောလိုက်သည်။

သူတို့အခန်းသို့ရောက်သည့်အခါ မော့ဟန်က သူမအား အိပ်ရာပေါ်တွင် ချလိုက်သည်။ ရှုချင်းရီက ကုတင်ပေါ်တွင် တွေဝေစွာ ထိုင်နေသည်။ မော့ဟန်က အခန်းထဲမှာ ရေလဲဝတ်စုံတစ်ခုတွေ့သည့်အခါ ရှုချင်းရီ၏လက်ထဲသို့ ထည့်ပေးလိုက်သည်။ သူမ၏မျက်လုံးများထဲသို့ ကြည့်ကာ
"ရေသွားချိုးလိုက်။ ပြီးမှ ပြောကြတာပေါ့"

ရှုချင်းရီ၏ မျက်လုံးများမှာ အရောင်အနည်းငယ်တောက်ပသွားကာ ထသည်။ ရေချိုးခန်းသို့ ခေါင်းငိုက်စိုက်ဖြင့် တရွေ့ရွေ့သွားပြီးနောက် တံခါးကိုလည်းဖြည်းညင်းစွာ ပိတ်လိုက်သည်။ ရေကျသံများက ရေချိုးခန်းထဲမှ ထွက်ပေါ်လာသည်။ မော့ဟန်ကတော့ ထိုင်နေရာမှထပြီး ပြန်မထိုင်ခင် အခန်းထဲတွင် ခနလျှောက်သွားမိနေသေးသည်။

ရှုချင်းရီက ခပ်မြန်မြန်ထွက်လာသည်။ သူမဆံပင်များက ရွှဲနေကာ ကြမ်းပြင်ပေါ်သို့ ရေစက်များက တစ်ပေါက်ပေါက်ကျနေသည်။ သူမက ကုတင်ပေါ်တွင် ထိုင်နေသည့် မော့ဟန်အား ကြည့်လိုက်သည်။ သူမက လက်ထဲတွင် ပုဝါကိုကိုင်ထားပြီး နံရံကိုမှီရင်းဖြင့် ခေါင်းလေးငုံကာ ဆက်ရပ်နေသည်။

မော့ဟန်က သူမအား ကုတင်ပေါ်တွင် ထိုင်ရန် သွားဆွဲခေါ်လိုက်ရသည်။ သမ၏လက်ထဲမှ ပုဝါကိုယူကာ ဆံပင်ကိုသုတ်ပေးရင်းက
"ငါ့ကိုပြောပြ"

ရှုချင်းရီက သူမ၏လက်များကို ကြည့်ရင်း တုန်ရီနေသည့် အသံတိုးတိုးလေးဖြင့်
"ဘယ်လိုပြောရမလဲတောင် မသိတော့ဘူး"

မော့ဟန်က ပြောသည်။
"အပြောချင်ဆုံးက စပြော"

ရှုချင်းရီက အသက်ဝဝရှုလိုက်သည်။ မော့ဟန်၏ အပြုအမှုများကြောင့် သူမစိတ်သက်သာရာ ရသွားသည်။
"လူသေတစ်ယောက်အကြောင်းကို တွေးမိတယ်"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now