61

4.1K 596 14
                                    

Unicode Ver

၆၁။ သံသယ

"အဲ့ထက်တောင်ပိုနေမှာပါ"
ရှုချင်းရီက စိတ်ဓာတ်ကျနေသည့် လေသံဖြင့် ပြောသည်။

"ကိုကြီးမျက်လုံးထဲမှာ ညီမလေးက ဝန်ထုပ်ဝန်ပိုးတစ်ခုပဲ။ မှတ်ညဏ်ပြန်ရတာနဲ့ ကန်ထုတ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး။ အဲ့ဒီလိုလုပ်ချင်လွန်းလို့ မှတ်ညဏ်ပြန်ရဖို့ကိုတောင်မှ မစောင့်နိုင်တော့ဘူးမလား"

ဘယ်ချိန်ကတည်းကမှန်းမသိ ငြိမ်းသွားသည့် စီးကရက်ကို သူ့လက်ထဲတွင် ကိုင်ထားရင်းဖြင့် မော့ဟန်က ခိုင်မာသည့် လေသံဖြင့်
"မိဘတွေကိုရော ရှန်ယို့ကိုပါ ပြောမထားမိတာ ငါ့အမှားပါ။ ဒါပင်မယ့် ကိစ္စတွေက အရမ်းရှုပ်နေတော့ မင်းကိုအချိန်ရရင် ရှင်းပြပါ့မယ်"

"ရပါတယ်။ ဘာမှရှင်းပြနေစရာမလိုတော့ပါဘူး"
ရှုချင်းရီက သူမမျှော်လင့်ချက်တွေ ပျက်သုန်းကာ လုံးဝပျောက်ဆုံးနေသလို ခံစားရသည်။ အရင်တုန်းက မော့ဟန်က သွေးအေးကာ အရမ်းစဉ်းစားလွန်းသည့်သူဟု သူမကြားခဲ့တုန်းက ဘယ်လိုမှ မနေခဲ့ပင်မယ့် အခုလို သူမ၏တည်ရှိမှုကို ဘယ်သူ့ကိုမှ ပြောမပြထားသည်နှင့် ကြုံလာရသောအခါ သူမဒီမှာအခုရှိနေခဲ့သည်ကို အစမကျန် ဖျောက်ပစ်လိုက်လေမလားဟုတောင် ခံစားလာရသည်။

"ကိုကြီးကောင်မလေး ရောက်လာပြီဆိုတော့ ကိုကြီးအခန်းထဲကို ဝင်ဖို့မသင့်တော်တော့ဘူး။ နောက်လည်းလာမအိပ်တော့ပါဘူး။ ဒီလောက်နှောက်ယှက်ရရင်တော်ပြီပေါ့"

သူမ၏ခပ်ဝေးဝေးနေတော့မည့် လေသံကိုကြားရသောအခါ မော့ဟန်က ပိုစိတ်မချမ်းမြေ့လာသည်။
"ဧည့်သည်အခန်းထဲမှာ ကောင်းကောင်းအိပ်မပျော်ဘူးမလား"

"ရပါတယ်။ အသားကျသွားမှာပါ"
ရှုချင်းရီက ထပ်ပြောသည်။
"ပြောစရာမရှိတော့ဘူးဆိုရင် သွားအိပ်တော့မယ်"

တကယ်တော့ ရှုချင်းရီက မော့ဟန်၏အဖြေကိုပင် မစောင့်ပေ။ သူမက စကားပြောပြီးသည်နှင့် လှည့်ထွက်သွားသည်။

မော့ဟန်က သူမစိတ်ဆိုးနေသည့်အချိန်တွင် စကားသွားပြောလို့ ဘာမှအကျိုးရှိမည်မဟုတ်မှန်း မော့ဟန်က သိသောကြောင့် ထပ်မပြောတော့ပေ။ နောက်ကျရင်တော့ သူမကို ရှင်းပြရန်အချိန်ကို သေချာပေါက် သူရှာရတော့မည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now