15

6.3K 801 6
                                    

၁၅။ သူမက ဘယ်သူလဲ?

မော့ဟန်က ထွက်သွားတော့ သူမအိပ်မပျော်တာကို မသိတော့ဘူး။

သူမက လုံးဝအိပ်မပျော်ဘူး။ အရင်ရက်တွေတုုန်းက သူမက ဆေးရုံဝတ်စုံနဲ့ လမ်းပေါ်မှာ လျှောက်သွားနေတုန်းက အိပ်ချင်စိတ်ကို မရှိခဲ့ဘူး။ သူမသိတာက အေးတာနဲ့ နာနေတာပဲ။ အရင်နှစ်ရက်အတွင်းမှာ သူမကို ဘယ်သူမှရှာမတွေ့အောင် ကစားကွင်းအောက်မှာ ပုန်းနေခဲ့ရသည်။ အဲ့ဒီမှာ နေတာက သူမဗိုက်အရမ်းဆာလွန်းလို့ supermarketကို သွားမေးတဲ့နေ့အထိပဲ။

အခန်းမီးတွေက ပိတ်ထားပြီး ပြတင်းပေါက်ကနေ ဝင်နေတဲ့ အလင်းရောင်မှိန်မှိန်လေးပဲ ရှိသည်။ သူပေးထားတဲ့အဝတ်တွေကို သူမလဲလိုက်ပြီး ကုတင်နွေးသွားလောက်တဲ့အထိ သူမထိုင်နေခဲ့သည်။ လုံးဝတိတ်ဆိတ်မသွားခင် အပြင်ဘက်မှာ မော့ဟန်က ခြေရေလက်ရေဆေးပြီးတော့ တံခါးပိတ်သွားတဲ့အသံတွေအကုန် ပြတ်ပြတ်သားသားကြားနေရသည်။

သူမက အိပ်ချင်လာသည်။ အိပ်ရာပေါ် ခေါင်းချလိုက်ပြီး အိပ်ချင်စုံမွှားဖြစ်လာသည်။ ဒါပင်မယ့် မကြာခင်မှာပဲ အပြင်ဘက်က ဆူဆူညံညံအသံတွေ ကြားလာရသည်။ သူမက ထကြည့်လိုက်ချင်ပင်မယ့် စိတ်ကမပါသလို ခေါင်းကလည်း လေးနေသည်။

သူမမေ့သွားတာကို သူမကိုယ်သူမသတိမထားမိဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူမက အဆုံးမရှိတဲ့ ပင်လယ်ထဲကို ထပ်ပြီး နစ်မြုပ်သွားသလို ခံစားရတာကြောင့် ဖြစ်သည်။

မော့ဟန်က ရဲစခန်းကို သွားလိုက်သည်။ သူအခုလိုက်ရမယ့် အမှုတွဲကို ဘေးကိုဖယ်ထားသည်။ အခု သူသိချင်တာက သူ့အိမ်မှာရောက်နေတဲ့ ကောင်မလေးက ဘယ်သူလဲဆိုတာပဲ။ ဒီလိုသတိထားနေရတဲ့ အခြေအနေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာလည်း သူသိချင်နေသည်။

နှစ်အတော်ကြာအောင် တရားမမှုတွေကို သူဖြေရှင်းရတော့ ရဲစခန်းကို သူခနခနရောက်ဖြစ်သည်။ အဲ့ဒါကြောင့် ရဲစခန်းက သူတွေနဲ့ အလုပ်သဘောအရ သူရင်းနှီးသည်။ ရဲတွေဆီက အသုံးဝင်တဲ့ သတင်းအချက်အလက်တွေလည်း သူရဖူးသည်။

"ဒီနေ့ အရာရှိကြီးကျန်း ဒီမှာရှိလား?"
မော့ဟန်က စုံထောက်ပေါက်စလေး တစ်ယောက်ကို မေးလိုက်သည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now