140

3K 340 8
                                    

Unicode Ver

၁၄၀။ ပရမ်းပတာအမှန်တရား

ရှုချင်းရီသည် အတန်းထဲသို့ဝင်သွားသော်လည်း ဆရာမသင်နေသည်များကို တစ်လုံးမှ မကြားတော့ပေ။ သူမအတွေးထဲတွင် ခုနကလူပြောသွားသည်များသာရှိ၍ သူမဆံပင်တွေကို ဆွဲဆောင့်ချင်နေပြီ။
'ဘာဖြစ်လို့ ဒီလိုတွေ ဖြစ်နေတာလဲ? ငါ့လိုကျောင်းသူအရွယ်လေးက ယောက်ျားရှိနေတယ်တဲ့လား? ပြီးတော့လည်း မျက်စိတမှိတ်အတွင်းမှာပဲ လက်ထပ်ထားတာ တစ်နှစ်လောက်ရှိတဲ့ ယောက်ျားက ပေါ်လာတယ်?'

ရှုချင်းရီမှာ ဟန်လျန်ပြောသည်များကို မယုံကြည်နိုင် ဖြစ်နေသည်။ သို့သော်လည်း သူပြသွားသည့် လက်ထပ်စာချုပ်ကပုံကိုသာ သူမမြင်ယောင်နေမိတော့သည်။
'ငါကတကယ်ပဲ စုန့်ယွဲ့ညန်လား? ဒါဆိုရင် ငါ့ကိုယ်ပေါ်က ဒဏ်ရာတွေကရော? ငါ့မှတ်ညဏ်တွေကရော?'

ရှုချင်းရီမှာ အတန်းချိန်ပြီးသွားသည့်အထိ အတန်းထဲတွင် ငုတ်တုပ်ထိုင်နေသော်လည်း သူမ၏စိတ်မှာ ယောက်ယက်ခတ်နေခဲ့သည်။ အတန်းချိန်ပြီး၍ အပြင်သို့ထွက်လာသည့်အခါ သူမအား စောင့်နေသည့် ဟန်လျန်ကို တွေ့သည်။

"အတန်းပြီးသွားပြီလား?"

"အိမ်ပြန်မလို့။ ရှင်သွားတော့"

"အိမ်ပြန်မယ်? ဘယ်အိမ်ကိုလဲ? ဟိုရက်က ညန်ညန်နဲ့ အတူတွေ့လိုက်ရတဲ့ အကိုကြီးဆိုတဲ့ကောင်ရဲ့ အိမ်ကိုလား?"
ဟန်လျန်က ခါးသီးစွာပြုံးရင်း ပြောသည်။

"ရှင်ကျွန်မကို လိုက်စုံစမ်းခဲ့တာလား?"
ရှုချင်းရီက မျက်မှောင်ကျုံကာ ပြောသည်။

"ညန်ညန် ဘာမှလန့်စရာမရှိပါဘူး။ ဟိုနေ့တုန်းက လမ်းပေါ်မှာတွေ့ကတည်းက ဒီကမ္ဘာကြီးမှာ ချွတ်ဆွတ်တူတဲ့သူ ရှိပါ့မလားလို့ အံ့သြနေခဲ့တာ။ ညန်ညန်က မှတ်ပုံတင်ကဒ်ထုတ်ပြလိုက်တော့ ပိုရှာရလွယ်သွားတာပေါ့"
ဟန်လျန်က ဆက်ပြောသည်။

"ကိုယ်သူ့ကို သိပါတယ်။ ဒီမြို့မှာ အောင်မြင်နေတဲ့ ရှေ့နေမော့ဟန်မလား။ သူက မှတ်ပုံတင်လုပ်ပေးထားတာ ဖြစ်နိုင်တယ်လေ။ မှတ်ပုံတင်တောင် လုပ်ပေးနိုင်ရင် ညီမအဖြစ်ဟန်ဆောင်ခိုင်းဖို့က ပိုလွယ်သွားပြီ။ အဲ့ဒါကြောင့် ညန်ညန်ကို ပြန်ရှာတွေ့ဖို့ ကိုယ်သိပ်မကြာတော့တာ"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now