6

7.8K 886 2
                                    

Unicode Ver

၆။ အက်စစ်ရဲ့လျှို့ဝှက်ချက်

အဖြစ်အပျက်က ၂စက္ကန့်လောက် ဇဝေဇဝါဖြစ်သွားစေတယ်။ သူတို့အလန့်ပြေသွားတဲ့အချိန်မှ သေချာကြည့်မိတော့ ကောင်မလေးက လုံးဝအကောင်းကြီးပဲ။ သူမက မတ်တပ်ထရပ်ကာ ပြုံလိုက်ပင်မယ့် ဘာစကားတစ်ခွန်းမှတော့ မပြောဘူး။

လူဝကြီးက သူမအဆင်ပြေနေမှန်း မြင်လိုက်ရတဲ့အခါ အံ့သြကာ စိတ်ပျက်သွားမိတယ်။ သူ့လက်ထဲက ဆေးပုလင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေတယ်။
"မဖြစ်နိုင်ဘူး! ဒါမဖြစ်နိုင်ဘူး!"
ကောင်မလေးကို ကန်ပစ်လိုက်ချင်တာကြောင့် ခြေထောက် မြှောက်လိုက်ရုံပဲ ရှိသေးတယ်။ သူ့ကို တစ်စုံတစ်ယောက်က တွန်းထုတ်လိုက်ကာ ကောင်မလေးကို အချိန်မှီ ကာကွယ်လိုက်တယ်။

ဝန်ထမ်းတွေက သူတို့ boss ရှေ့နေကြီးက ကောင်မလေးကို ဘေးဘက်မဆွဲခင် ကြည့်ကောင်းလွန်းတဲ့ ကန်ချက်တစ်ခုပစ်သွင်းလိုက်တာ မြင်လိုက်ရပြီး လူဝကြီးက ကြမ်းပြင်ပေါ်ကို လဲကျသွားတယ်။ သူက အလျှင်အမြန်ပဲ လူဝကြီးပေါ်ကို တက်ဖိကာ ချုပ်ထားလိုက်တယ်။ သူ့ခန္တာကိုယ်တစ်ခုလုံးကို ရုန်းနေတဲ့သူ ရပ်သွားတဲ့အချိန်အထိ အားသုံးကာဖိထားတယ်။

"Security! ဒီကိုလာ။ ကျန်တဲ့ကိစ္စတွေကို မင်းတို့လက်ထဲအပ်လိုက်ပြီ"
မော့ဟန်က မတ်တပ်ရပ်ကာ သူ့လက်ကောက်ဝတ်ကို နှိပ်နေရင်း ထူးမခြားနား ပြောလိုက်တယ်။

ပရမ်းပတာဖြစ်နေတဲ့ အေုခအနေက ခနတဖြုတ်လောက် တည်ငြိမ်သွားတယ်။ လူတိုင်းက ခုနစကားပြောလိုက်တဲ့ ကောင်မလေးကို ကြည့်နေကြတယ်။ အစကတည်းက နာကျင်နေပုံရပြီး လူဝကြီးကလည်း သူမကိုတွန်းချလိုက်တော့ မျက်နှာလေးက ပိုတောင်ဖြူဖျော့သွားတယ်။ ရှုပ်ပွနေတဲ့ ကြမ်းပြင်ကို ငုံကြည့်နေတဲ့ အပြုအမှုကတော့ မပြောင်းမလဲပါပဲ။

"မင်း! ငါ့နောက်လိုက်ခဲ့။ ကျန်တဲ့လူတွေ အကုန်လုံး ကျေးဇူးပြုပြီး ရုံးခန်းကို ပြန်ရှင်းပေးကြပါ"
မော့ဟန်က ကောင်မလေးကို ကြည့်လိုက်ပြီး ဧည့်ခန်းထဲကို ဝင်သွားတယ်။

သူမက ဝင်လာပြီး တံခါးနားမှာ ရပ်လိုက်တယ်။ မော့ဟန်က အခန်းအလည်က ထိုင်ခုံမှာထိုင်လိုက်ပြီး နက်ကတိုင်ကို ဖြေလျှော့လိုက်ကာ မေးတယ်။
"ကဲ အခု ဘာဖြစ်သွားတာလဲ?"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now