165

2.8K 267 4
                                    

Unicode Ver

၁၆၅။ မှတ်ညဏ်ထဲက ကလေးမလေး

သူမ၏အမေက သူမမျက်လုံးများကို သေချာအကဲခတ်ပြီးမှ စာအုပ်ကိုထိုးပေးကာ
"ယူလေ။ ငယ်ငယ်တုန်းက သမီးက ဒီစာအုပ်တွေ ဖတ်ရတာကို အရမ်းကြိုက်တာ"

ရှုချင်းရီက စာအုပ်တွေကိုယူကာ သူမ၏ရင်ဘတ်ထဲတွင်ပိုက်လျက် သူမ၏အမေအား ကျေးဇူးတင်ကြောင်းပြောလိုက်သည်။

ထိုအချိန်တွင် ဟန်လျန်သည် အပြင်မှ ပြန်ရောက်လာသည်။ ဖိနပ်လဲပြီးနောက် သူမတို့ကို မြင်သည့်အခါ
"ဘာလုပ်နေကြတာလဲ?"

"အမေက ကျွန်မကို ဖတ်ဖို့စာအုပ်တွေ ပေးတယ်"
ရှုချင်းရီက စာအုပ်တွေကို ပိုက်လာရင်းဖြင့် ပြောလိုက်သည်။

"ဘာစာအုပ်တွေလဲ?"
ဟန်လျန်က မေးသည်။

"ငယ်ငယ်တုန်းက ဖတ်တဲ့စာအုပ်တွေလို့ ပြောတာပဲ။ ပြန်ဖတ်ချင်လာလို့"

ဟန်လျန်က စာအုပ်များကို တစ်ချက်ကြည့်လိုက်ပြီးနောက်
"ကလေးစာအုပ်တွေပဲ။ ဒါကိုထပ်ဖတ်ဦးမလို့လား?"

ရှုချင်းရီက
"အင်း ကောင်းမယ်ထင်လို့"

ဟန်လျန်က သူမကို ထပ်မေးသည်။
"ဒီညဘာစားချင်လဲ?"

"အမေချက်တာ"
ရှုချင်းရီက ဆိုဖာပေါ်တွင် စာအုပ်ကို လှန်ဖတ်နေရင်းဖြင့် ဖြေလိုက်သည်။ ထိုစာအုပ်သည် ရောင်စုံပုံများဆွဲထားကာ စာတွေကို ဘောင်ခတ်ထားသည့် ကာတွန်းစာအုပ်ဖြစ်သည်။

"ညန်ညန် သဘက်ခါ အတန်းသွားစရာမလိုဘူး။ ကိုယ်ခွင့်တိုင်ထားတယ်။ ဦးလေးအိမ်ကို ထမင်းအတူသွားစားကြမယ်"

"ဦးလေး?"
ရှုချင်းရီက ဟိုနေ့ညက သူမခိုးနားထောင်တုန်းက သူမကြားခဲ့သည်များကို သတိရသွားသည်။

"အင်း. . .ညန်ညန်ပြန်ရောက်ပြီလို့ ဦးလေးက ကြားလို့။ သူလည်း ညန်ညန်ကို တွေ့ချင်နေတာ"

"ဪ"

ရှုချင်းရီက မေးလိုက်သည်။
"အဲ့ဒီအိမ်က ဝေးလား?"

"တော်တော်ဝေးတယ်။ ဒီကနေ ၆နာရီ ၇နာရီလောက် ကားမောင်းသွားရမှာ။ အဲ့ဒါကြောင့် ကိုယ်တို့တစ်ရက်လောက် အဲ့ဒီမှာနေမလို့"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now