172

2.8K 239 0
                                    

Unicode Ver

၁၇၂။ ဒေါသ

"သွားပြန်အိပ်"
မော့ဟန်က ထပ်ပြောလိုက်သည်။

ထိုအခါမှသာ ရှုချင်းရီက နိုးလာပုံရသော်လည်း မျက်လုံးကို မဖွင့်သေးဘဲ
"ပြန်လာပြီလား?"

မော့ဟန်က ရင်ခုန်သွားသည်။ သို့သော်လည်း သူ့စိတ်ကိုသူထိန်းကာ မနေ့က သူမပြောခဲ့သည်ကို ပြန်သတိရသွားသည်။ မနေ့က သူဘာပြောလဲ သတိထားစမ်း!

"အင်း အခန်းထဲကိုပြန်သွားအိပ်"
မော့ဟန်က အသံကိုငြိမ်စေကာ ပြောလိုက်သည်။

ရှုချင်းရီက အကြောဆန့်က သမ်းဝေပြီးမှ မျက်လုံးကို ဖွင့်လာသည်။
"ဘယ်အချိန်ရှိနေပြီလဲ?"

"၁၀နာရီထိုးတော့မယ်"
မော့ဟန်က စာအုပ်စင်ဘေးသို့ လျှောက်သွားကာ ကွန်ပျူတာအရှေ့မှ ခုံတွင်ထိုင်ရင်း ပြောသည်။

ရှုချင်းရီက မျက်လုံးကို ပွတ်ပြီးနောက် ကွန်ပျူတာအရှေ့မှ မော့ဟန်ကို ကြည့်လိုက်ပြီး
"အလုပ်ဆက်လုပ်မလို့လား?"

"မနက်ဖြန်မနက် အပြီးသတ်ရမယ့်အမှုရှိတယ်"

ရှုချင်းရီက တံခါးဆီ လျှောက်သွားကာ
"ပြန်သွားအိပ်တော့မယ်။ အရမ်းနောက်ကျတဲ့အထိ အလုပ်ထိုင်လုပ်မနေနဲ့နော်"

သူမသည် သူ့အားအရင်လိုသာ ဆက်ဆံနေပုံရသည်။ သို့သော်လည်း သူကတော့ သူမအား အရင်လို ပြန်ဆက်ဆံနိုင်မှာ မဟုတ်တော့ပေ။

မော့ဟန်သည် သူ့အပေါ်တွင် ရှုချင်းရီက ဒီလောက်အထိစိုးမိုးနိုင်မည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။ သူမထွက်သွားပြီးနောက် သူ့ကိုယ်သူအလုပ်တွင် အာရုံစိုက်နိုင်ဖို့ အချိန်ခနယူလိုက်ရသည်။

နောက်နေ့မနက်ရောက်သည့်အခါ အခြေအနေက မနေ့တုန်းကနှင့် သိပ်မကွာခြားပေ။ သူတို့နှစ်ယောက်က မနက်စာကို တိတ်ဆိတ်စွာ အတူစားကြသည်။ မတူညီသည်ကတော့ ရှုချင်းရီက ဟိုဘက်မြို့ကို အလည်ခနသွားမည်ဟု ပြောလာခြင်းဖြစ်သည်။ သူမက သူမ၏အမေကို သွားတွေ့ချင်သလို ဆုံးသွားသည့် သူ့ညီမလေး၏အုတ်ဂူသို့သွား သွားကြည့်ချင်သည်ဟု ပြောသည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now