167

2.8K 294 3
                                    

Unicode Ver

၁၆၇။ ထပ်နမ်းလိုက်ခြင်း

ရှုချင်းရီက သူ့ကိုကြည့်ကာ သူမ၏လက်ကိုသူမပြန်ကြည့်သည်။ ထို့နောက် သူမ၏မျက်နှာကို သူမပြန်ကိုင်ကြည့်နေကာ ဘာမှမပြောတော့ပေ။
"အဆင်ပြေလား? နေမကောင်းဘူးလား?"

ဟန်လျန်က သူမ၏လက်မောင်းကို ဆွဲလှုပ်ကာ မေးသည်။

ရှုချင်းရီက နောက်ဆုံးတော့ အသိဝင်လာသည့်ပုံဖြင့် ဟန်လျန်ကို ပြန်ကြည့်ပြီးမှသာ ပုံမှန်လို ဖြစ်သွားသည်။

"ဘာမှမဟုတ်ပါဘူး။ တစ်ခုတွေးမိလို့ပါ"

"ဘာကိုတွေးမိတာလဲ?"

"တွေးမိတာက . . . ငါးဝယ်ဖို့လေ"
ရှုချင်းရီက သူမဟာသူမ ရေရွတ်နေသည်။

ဟန်လျန်က စိတ်သိပ်မပူတော့သော်လည်း
"နောက်နေ့မှဝယ်ရင်ရော? ဒီနေ့ကြည့်ရတာ နေသိပ်ကောင်းပုံမရဘူး"

"မဟုတ်ဘူး. . .သွားဝယ်မှရမယ်. . ."
သူမ၏လေသံမှာ ခိုင်မာနေသည်။

သူမက သူ့အတွက် ငါးဝယ်ပေးချင်နေသည့်အခါ ဟန်လျန်က သူမသည် အရင်လိုပြန်နေချင်နေသည်ဟု ထင်သွားပြီး
"ဒါဆိုရင်လည်း သွားလေ။ ကိုယ်အိမ်က စောင့်နေမယ်။ မြန်မြန်ပြန်လာ"

ရှုချင်းရီက အိမ်ထဲကနေ ထွက်လာသော်လည်း သူမဘာဖြစ်လို့ ထွက်လာခြင်းမှန်း မသိပေ။ သူမအမှန်တရားကို သိသွားသည့်အခါ သူမမူးဝေနေသည်။ အချက်အလက်အများကြီးကို တစ်ခါတည်း သိလိုက်ရခြင်းက သူမကိုလန့်စေသည်။ သူမသည် ဟန်လျန်နှင့် သူမ၏အမေကို မေးခွန်းမေးစရာလိုနေမှန်း သူမမေ့တောင်သွားသည်။ ဘာဖြစ်လို့ သူမအား ဒီလိုကိစ္စကြီးကို ဖုန်းကွယ်ထားသလဲဟု မေးချင်နေသည်။

သို့သော်လည်း သူမမမေးရဲပါ။ အမှန်တရားကို သူမရင်မဆိုင်နိုင်ရဲသေးပေ။ ဖြစ်နိုင်ချေအများကြီးကို သူမတွေးခဲ့မိသောလည်း ဒါကိုတော့ သူမတစ်ခါမှ မတွေးမိခဲ့ပေ။ ယုံနိုင်စရာ မကောင်းသောကြောင့်လည်း ဖြစ်နေသည်လေ။ ထို့ကြောင့် သူမထွက်ပြေးရန် ရွေးချယ်လိုက်သည်။ ဒီအိမ်ထဲသို့ ပြန်လာကာ သူတို့နှင့်အတူ အရင်လို ခနတာနေဖို့ သူမအတွက် အချိန်လိုအပ်သည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now