100

4K 492 4
                                    

Unicode Ver

၁၀၀။ ရေထဲမှာ

မော့ဟန်မှာ မျက်နှာကို ချက်ချင်းလွှဲသွားသည်။
"ရှုချင်းရီ! ကိုယ့်အပြုအမူတွေကိုယ် ကျေးဇူးပြုပြီး သတိထားစမ်း!"

မော့ဟန်က ဆက်ပြောသည်။
"အိပ်ရာကနေ ထတော့။ ကျောင်းသွားစရာ မလိုဘူးလား? ဒီနေ့ ကျောင်းကို လိုက်မပို့တော့ဘူး။ တော်ကြာရင် အလုပ်သွားရတော့မှာ"

ဒီလိုပြောပြီးသည်နှင့် မော့ဟန်မှာ ရှုချင်းရီ၏ အခန်းထဲကနေ ချက်ချင်းထွက်သွားသည်။ ရှုချင်းရီကတော့ မော့ဟန်ကိုကြည့်ကာ ရယ်နေလေရဲ့။

ရှုချင်းရီမှာလည်း ဒီရက်ပိုင်း အလုပ်များနေသည်။ မေဂျာပြောင်းစာမေးပွဲဖြေဖို့အတွက် သိပ်မလိုတော့ပါ။ သူမမှာ ဒီသင်ရိုးများကို နားလည်အောင် အချိန်များများပေးကာ လေ့လာနေရသည်။ သူမတွင် သီအိုပိုင်းဆိုင်ရာ အတွေးအခေါ်ကောင်းသော်လည်း ထိုအရာများကို ခေါင်းထဲသို့ထည့်ရန် စာလုပ်ဖို့တော့ လိုအပ်သေးသည်လေ။ ထို့ကြောင့် ဒီရက်ပိုင်းတွင် ကျောင်းစောစောသွားကာ စာကြည့်တိုက်တွင် သူမအချိန်ဖြုန်းနေမိခြင်း ဖြစ်သည်။ သူမဟာ ပြန်ပေးဆွဲမှုလိုက်နေသည့် ကျန်းယန်က အမှုကို သုံးသပ်ပေးဖို့ ပြောနေခြင်းကိုတောင် ငြင်းလွှတ်ခဲ့သည့်အထိ စာကြိုးစားနေလေပြီ။

အလျှော့မပေးနိုင်သည့် ကျန်းယန်ကတော့ သူမအား ကျောင်းအထိ လာရှာပြန်သည်။ သူမစာလုပ်နေချိန် သူမ၏အနားတွင် ကျန်းယန်က လာထိုင်နေတက်သည်မှာ ပုံစံတစ်ခုလို ဖြစ်နေသည်။ သူမခနနားသည့်အချိန်မျိုးတွင် ကျန်းယန်က အချက်အလက်များအား အတင်းထိုးပေးကာ သူမအား ကြည့်ခိုင်းတက်သည်။

ရှုချင်းရီကတော့ ဒီရဲဖြင့် ဝေးနိုင်သမျှဝေးဝေးနေရမည်ဟု တွေးနေမိသည်။ ကံကောင်းသည် တစ်ခုကတော့ ကျန်းယန်သည် သူမသိတာ ရှိမှသာ သူမ၏အကူအညီကို တောင်းခံခြင်း ဖြစ်ကာ ကျန်သည့်အချိန်များတွင်တော့ သူမအား မရှိသည့် လူတစ်ယောက်လို အဆက်အသွယ်မလုပ်တက်ခြင်းပင်။ ထိုအရာက ရှုချင်းရီအတွက် အနည်းငယ် လွယ်ကူစေသည်။ သူမက ရဲများနှင့် အဆက်အဆံ မလုပ်ချင်သူ ဖြစ်သည်လေ။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now