56

4.6K 631 8
                                    

Unicode Ver

၅၆။ စောစောပြန်ခဲ့မယ်

ရှုချင်းရီက မလှုပ်မယှက် သူ့ကိုဆက်ကြည့်နေဆဲပင်။

"အရူးလိုဒီမှာဆက်နေမလို့လား။ အပေါ်ထပ်မှာ ပြန်မအိပ်ချင်ဘူးလား!"

ထိုအခါမှသာ ရှုချင်းရီက သူ့အပေါ်တက်လာပြီး သူမကိုယ်သူမ ဘောလုံးလေးတစ်လုံးလို ကွေးထားပြီး သူမမျက်လုံးတွေက သူ့ခေါင်းကိုပဲကြည့်နေသည်။

မော့ဟန်က သူမကိုပိုးကာ ထလိုက်ကာမှ သူမဘယ်လောက်ပေါ့သလဲကို သိတော့သည်။ သူမခြေထောက်အောက်မှ သူ့လက်များမှနေ သူမဘယ်လောက်ပိန်ကြောင်း ခံစားရသည်။ ထိုကောင်မလေးက သူ့လည်ပင်းကို သိုင်းဖက်မထားသောကြောင့် သူသတိထားကာ သယ်လာရသည်။

"ဒီနေ့ရုံးကပြန်လာတာ အရမ်းနောက်ကျသွားတယ်"
မော့ဟန်က ပြောသည်။

"သိပါတယ်"

"နောက်ဆိုရင် စောင့်မနေနဲ့တော့။ TVကြည့်ရတာ ပျင်းလာရင်လည်း ကိုယ့်ဟာကိုယ် အရင်ဝင်အိပ်နှင့်"

"အင်း"

မော့ဟန်က ခလုတ်နှိပ်လိုက်ကာ ဓာတ်လှေကားထဲကို ဝင်လိုက်သည်။ ရှုချင်းရီက
"ညီမလေးခြေထောက်တွေ မကျဥ်တော့ဘူး။ အခုချပေးလို့ရပြီ"

မော့ဟန်က ထိုင်ချလိုက်ကာ သူမကို ဆင်းစေသည်။ ရှုချင်းရီက စောင်လေးကိုပိုက်ကာ ဓာတ်လှေကားနံရံကို နောက်တွင်မှီနေရင်း တစ်ထပ်ပြီးတစ်ထပ်တက်လာသည့် နံပတ်များကို ကြည့်နေသည်။

"နောက်ဆိုရင် စောစောပြန်ခဲ့မယ်"
မော့ဟန်က ဖြည်းညင်းစွာ ပြောသည်။

ရှုချင်းရီက သူ့ကိုလှမ်းကြည့်ကာ
"အင်း"

တစ်စုံတစ်ယောက်က သူအလုပ်ကပြန်လာမည်ကို လှေကားရင်းတွင် ထိုင်ကာ စောင့်နေရင်း အိပ်ပျော်သွားမည်ဟု သူဘယ်တုန်းကကမှ မတွေးခဲ့ပေ။ အရင်တုန်းကလည်း ဘယ်သူကမှ အဲ့ဒီလို မလုပ်ခဲ့ဖူးပေ။ ရှန်ယို့နဲ့နေလာခဲ့ပင်မယ့် သူတို့မှာ စားသောက်ဆိုင်သို့သွားကာ စားသောက်ခဲ့သည်ပဲ ရှိသည်။ ရှန်ယို့နဲ့သူ့ရဲ့ အလုပ်လုပ်ချိန်ကလည်း မတိကျသောကြောင့် သူတို့တစ်ယောက်ကိုတစ်ယောက် စောင့်သည်ဟူ၍ မရှိပေ။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now