60

4.1K 565 14
                                    

Unicode Ver

၆၀။ သူ့ကိုနားလည်နိုင်ဘူး

ရှန်ယို့က မော့ဟန်ဘေးတွင် ပူးကပ်ကာ သွားထိုင်သည်။ မော့ဟန်က စိတ်အခြေအနေမကောင်းမှန်း သူမမြင်ရသောကြောင့် သူစိတ်ပြေသွားရန်
"ဟုတ်ပါပြီ ငါဒီနေ့တကယ်လွန်သွားပါတယ်။ ဒီလိုထပ်မဖြစ်စေရတော့ပါဘူး။ နင်လည်း ပင်ပန်းလာတယ်မလား။ ငါတို့စောစောအိပ်ရာဝင်ရအောင်"

မော့ဟန်က ပင်ပန်းနေသည်။
'အရင်တုန်းက တစ်ခါမှ မပင်ပန်းဘူးပင်မယ့် ဒီနေ့မှ ဘာဖြစ်တာပါလိမ့်?'
သူ့တစ်ကိုယ်လုံးက ရွံနွံထဲတွင်နစ်နေသလိုမျိုး သူလုံးဝမလုပ်နိုင်ဖြစ်နေသည်။

မော့ဟန်က ရှုချင်းရီဆီမှ တံခါးဖွင့်သံ ပိတ်သံကြားလို့ ကြည့်လိုက်သည့်အခါ ထိုကောင်မလေးက သူမအိပ်ရာတွေကိုသယ်ကာ အရင်တုန်းက သူမလုံးဝနေချင်စိတ်မရှိခဲ့သည့် ဧည့်ခန်းထဲသို့ ဝင်သွားသည်။

ရှန်ယို့က ရှုချင်းရီက သူမအခန်းထဲသူမသွားကာ တံခါးပိတ်သွားသည်ကို မြင်ကာမှ မော့ဟန်၏နားအနားကိုကပ်ကာ လေသံတိုးတိုးဖြင့်
"နင့်ညီမက ဘယ်ကတည်းက ရောက်နေတာလဲ? ဟိုတစ်ခေါက် ငါခေါ်တုန်းက ဒီအကြောင်းကို ဘာဖြစ်လို့ ငါ့ကိုမပြောတာလဲ?"

မော့ဟန်မှာ ရုတ်တရပ် ခေါင်းကိုက်လာလေပြီ။
"ငါနင့်ကိုပြောဖို့မေ့သွားတာ။ အချိန်မရှိတာနဲ့"

မော့ဟန်က သူ့ကိုဖက်တွယ်ထားသည့် ရှန်ယို့ကို ဖယ်လိုက်ကာ ပင်ပန်းစွာဖြင့်
"အခုမှပြန်ရောက်လာတာဆိုတော့ ပစ္စည်းတွေနေရာချပြီးရင် အိပ်နှင့်တော့။ ငါတစ်ယောက်တည်း ခနနေချင်သေးတယ်"

ရှန်ယို့က မော့ဟန်ထပ်ပြီး ဒေါသထွက်သွားမည် စိုးသောကြောင့် လေသံချိုချိုလေးဖြင့်
"အရင်ဝင်နှင့်မယ်။ ပြီးရင် ငါ့ဆီလာခဲ့နော်"

မော့ဟန်က ခေါင်းငြိမ့်လိုက်သည်။

သူကဆိုဖာပေါ်တွင် အကြာကြီးထိုင်နေသည်။ ရှုချင်းရီ၏အခန်းထဲမှ အချိန်အတော်ကြာသည့်တိုင်အောင် အသံထွက်မလာပေ။ စောစောအိပ်ရာဝင်လေ့ရှိသော ကောင်မလေးဖြစ်သောကြောင့် သူမအိပ်ပျော်နေလောက်ပြီ။ သူ့အခန်းထဲကနေတော့ အသံထွက်နေဆဲဖြစ်သည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now