115

3.3K 406 2
                                    

Unicode Ver

၁၁၅။ နင့်အကိုက အရမ်းချောတာပဲ

ရှုချင်းရီနှင့် စကားပြောနေသည့် ကောင်မလေးများသည် မော့ဟန်အား ခိုးငမ်းလို့သာ နေကြသည်။ သူတို့မပြန်ခင်တွင် ကောင်မလေးတစ်ယောက်ကဆိုရင် ရှုချင်းရီ၏အနားသို့ကပ်လာကာ တိုးတိုးလေးဖြင့်
"နင့်အကိုဖုန်းနံပတ်ပေးလို့ရမလား?"

ရှုချင်းရီက သူတို့စကားပြောနေစဉ် မော့ဟန်၏အကြည့်တစ်ချက်မျှ ထိုမိန်းကလေးများဆီ ရောက်မလာသလို စကားတစ်ခွန်းမှလည်း ဝင်မပြောသည်ကို သူမသိလေသည်။ ထို့ကြောင့် ထိုကောင်မလေးအား နူးညံ့စွာဖြင့် တိုးတိုးပြန်ပြောလိုက်သည်။
"ဟင့်အင်း။ လက်လျှော့လိုက်ပါတော့နော်"

ရှုချင်းရီမှာ ထိုကောင်မလေးမျက်နှာမှာ ရဲတက်သွားပြီး ထွက်ပြေးသွားသည်ကို တစ်စက္ကန့်တောင်မှ မကြည့်လိုက်ပေ။ ထို့နောက် ရှုချင်းရီမှာ ရယ်ချင်စိတ်ကို မအောင့်နိုင်တော့ပေ။

"ဘာတွေပြောနေကြတာလဲ?"
မော့ဟန်က မေးသည်။

"အထွေအထူးမဟုတ်ပါဘူး"

ရှုချင်းရီက ချက်ချင်းပဲ အတွေးရသွားကာ မော့ဟန်အား တောက်ပစွာကြည့်၍
"ကိုကြီး ညီမလေးကို နေ့လည်စာ ဝယ်ကျွေးသင့်တယ်"

"ဘာဖြစ်လို့လဲ?"

"ဘာဖြစ်လို့လဲဆိုတော့ ကိုကြီးကို ပြဿနာသေးသေးလေးတစ်ခု ရှင်းပေးလိုက်တာလေ"

"ဘာပြဿနာ?"

"နောက်မှပဲ ပြောပြပါတော့မယ်"
ရှုချင်းရီက သူ့အားကြည့်မနေတော့ဘဲ ရယ်လို့သာနေသည်။

ထိုနှစ်ရက်လုံးတွင် ရှုချင်းရီက မော့ဟန်ကို ထိုမြို့၏လည်၍ကောင်းသည့် နေရာများကို ခေါ်မသွားပေ။ သူတို့က ပင်လယ်မှာသာ နေပူစာလှုံရင်း လမ်းလျှောက်ရင်းဖြင့်သာ အားလပ်ရက်ကို ကုန်ဆုံးခဲ့ကြသည်။

မပြန်ခင်ညတွင် ရှုချင်းရီက မော့ဟန်အား အကိုက်အခဲပျောက်ရန် အနှိပ်ခန်းသို့ ခေါ်သွားရန် စီစဉ်ထားသော်လည်း မော့ဟန်ကငြင်းလိုက်သည်။ ထို့ကြောင့် နောက်ဆုံးမှာ ရှုချင်းရီတစ်ယောက်တည်းသာ အနှိပ်ခန်းတွင် အော်ငိုရလောက်သည့်အထိ တစ်ယောက်တည်း အနှိပ်ခံလိုက်ရတော့သည်။ ဤသို့ဖြင့် နောက်နေ့မနက် ပြန်ခါနီးတွင် မော့ဟန်အား ရှုချင်းရီအား ကုတင်ပေါ်က ထလာရန် နာရီဝက်လောက် နှိုးလိုက်ရတော့သည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now