128

3.3K 398 17
                                    

Unicode Ver

၁၂၈။ အခြေအနေမကောင်းဘူး

"သူဘာဖြစ်လို့လဲ?"
မော့ဟန်က မေးသည်။

ဆရာဝန်က သူ့အားဝင်လာစေသည်။ သူ့အားပြန်မဖြေရသေးခင်မှာပဲ မော့ဟန်က ရှုချင်းရီ၏ အော်သံကိုကြားရသည်။
"ထွက်သွားကြ! အား. . .! ငါ့ကိုမထိနဲ့! သွားကြစမ်း!"

"အခုဆေးရုံကို ရောက်နေတာပါ။ အဆင်ပြေသွားပါပြီ။ စိတ်လျှော့လိုက်နော်။ ဒဏ်ရာတွေကို ကုပေးရမှာမလို့"

ရှုချင်းရီက ပိုက်တန်းလန်းဖြင့် ဆေးရုံကုတင်ပေါ်တွင် ရုန်းကန်နေသည်ကို တွေ့လိုက်ရသည်။ ကုတင်ပေါ်က အိပ်ရာအထက်တွင် သွေးကွက်ကြီးရှိသလို ကြမ်းပြင်တွင်လည်း သွေးတချို့ဖြင့် ပေပွနေသည်။

ဆရာဝန်က ပြောသည်။
"ခင်ဗျားညီမလေးက ကုသဖို့အတွက် ပူးပေါင်းမှု မရှိဘူး. . . ခေါင်းကလည်း ပေါက်နေသေးသလို လက်တစ်ဖက်ကလည်း ကျိုးနေတယ်။ ချက်ချင်းကုပေးမှ ရမယ့်အခြေအနေကို မကောင်းတာကိုပဲမှတ်မိနေပုံရပြီး ရုန်းနေတယ်ဗျာ"

မော့ဟန်က သူမကိုကြောင်အကာ ကြည့်နေမိသည်။

"ကျေးဇူးပြုပြီး နားလည်အောင် လုပ်ပေးပြီး ငြိမ်အောင် ထိန်းပေးပါဗျာ"

မော့ဟန်က ဖြည်းညှင်းစွာ လျှောက်သွားသည်။ မော့ဟန်လာသည်ကို မြင်သည့်အခါ သူနာပြုမတို့က ဘေးကိုလမ်းဖယ်ပေးကြသည်။ မော့ဟန်က ရှုချင်းရီအား ချုပ်ထားသည့် သူနာပြုမတစ်ယောက်ဆီက သူမလက်ကလေးကို ပြောင်းကိုင်လိုက်သည်။ သူမလက်ကလေးမှာ ခါးပတ်ကြိုးဖြင့်တုပ်ခံထားရသောကြောင့် အညိုအမည်းစွဲနေလေသည်။

အကယ်၍ ဤနေရာတွင် မော့ဟန်အား သိသူတစ်ယောက်ယောက်ရှိပါက ဒီလိုအမူအယာနှင့်လူမှာ မော့ဟန်လို့တောင် ယုံမှာမဟုတ်ပေ။ လူတိုင်းက သူ့အား ကျိုးကြောင်းချင့်ချိန်နိုင်စွမ်းမြင့်မားကာ တည်ငြိမ်လွန်းသလို အသည်းနှလုံးမရှိသည့်သူဟု ထင်ကြခြင်း ဖြစ်သည်။ ဒီလိုနှလုံးနာဖွယ် နူးညံ့လွန်းစွာ သူ့ညီမလေးအား ကြည့်နေသည့်သူနှင့် တစ်ယောက်တည်းဆိုသည်မှာ ကျိန်ဆိုကာပြောရမည့်အထိပင်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now