132

3.2K 390 3
                                    

Unicode Ver

၁၃၂။ အချစ်ငှက်လေးများ

သူမလက်တွေက မလှုပ်နိုင်သောကြောင့် မော့ဟန်က သူမအား ကူပြီးမှီထိုင်စေကာ မှန်ကို သူမအရှေ့တွင် ကိုင်ကာပြလိုက်ရသည်။

"ရုပ်ဆိုးလိုက်တာ! မနေ့က တစ်ညလုံးမိုးမိထားတာ။ ခေါင်းမလျှော်နိုင်တော့ ဆံပင်တွေလည်း ဒီလိုဖြစ်နေပြီ"
ရှုချင်းရီက အချိုမစားရသည့် ကလေးတစ်ယောက်လိုပင် မှန်ထဲတွင် သူမကိုယ်သူမ သေချာကြည့်ကာ တအံ့တသြပြောနေသည်။

"ဒီလောက်ကြီးမဆိုးပါဘူး"

"ဘယ်ကမဆိုးရမှာလဲ? ရေချိုးခေါင်းလျှော်ပြီး အဝတ်လဲချင်တယ်"
ရှုချင်းရီက ကလေးတစ်ယောက်လို အော်သည်။

မော့ဟန်က ဆရာဝန်ပြောထားသောကြောင့် ရှုချင်းရီမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပြီး တစ်ခုခုများ ဖြစ်မလားဟု စိုးရိမ်နေမခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ရှုချင်းရီ၏ ထိုကိစ္စကို မေ့ပျောက်နေကာ သူမအခုရုပ်ရည်သွင်ပြင်ကိုသာ အာရုံစိုက်နေခြင်းကို မြင်ကာမှ စိတ်ထဲတွင် ခိုးသက်ပြင်းချမိသည်။

"ခေါင်းမှာ ဒဏ်ရာကြီးနဲ့လေ။ ရေချိုး ခေါင်းလျှော်လုပ်လို့ ဘယ်ရဦးမလဲ? သက်သာလာမှပဲရမယ်"

"အာ. . .မဖြစ်သင့်တာ! ညီမလေး ရုပ်ကြီးကို ကြည့်ပါဦး။ ရေမချိုးရရင် သေသွားလိမ့်မယ်။ ဒီလောက်ရုပ်ဆိုးနေတာ ဘယ်သူကိုမှ မျက်နှာမပြရဲတော့ဘူး"

"ဒါဆိုရင်လည်း ဘယ်သူကိုမှ ပြမနေနဲ့။ ဆေးရုံမှာပဲ ပြန်ကောင်းတဲ့အထိနေ"
မော့ဟန်က ရှုချင်းရီအရှေ့က မှန်ကိုဖယ်ကာ စားပွဲပေါ်တွင် ချလိုက်သည်။

"အခုဘာစားချင်လဲကိုပဲတွေး"

"စားရမယ်? ဒီလောက်ရုပ်ဆိုးနေတာကို ဘယ်လိုစိတ်နဲ့စားရမှာလဲ"
ရှုချင်းရီက ဆူပုတ်နေကာ ပြောသည်။

"ဘာစားချင်လဲ?"
မော့ဟန်က ထပ်မေးသည်။

ရှုချင်းရီက နှုတ်ခမ်းဆူနေရင်းဖြင့် သူ့အားကြည့်လာကာ
"စားချင်တာ ဝယ်ကျွေးမှာလား?"

"ဘာစားချင်လို့လဲ?"

"ပင်လယ်စာ"

"တခြားဟာစား။ အခုစားလို့မရဘူး။ အစာပျော့ပျော့လေးပဲစားရမှာ"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now