131

3.2K 374 11
                                    

Unicode Ver

၁၃၁။ မျက်နှာ

"အိမ်ပြန်ပြီး ကိုကြီး ရေချိုး၊အဝတ်လဲလိုက်ပါဦး။ ဒီလိုပုံကြီးက ကြည့်မကောင်းဘူး"
ရှုချင်းရီက အိပ်မပျော်သေးသောကြောင့် ကုတင်ဘေးတွင် ထိုင်နေသည့် မော့ဟန်အား ပြုံးကာ ပြောသည်။

မော့ဟန်ကလည်းပြုံးကာ
"အင်း မြန်မြန်ပြန်လာခဲ့မယ်"

သူဟာ ကုတင်ဘေးတွင်ထိုင်ရင်း ရှုချင်းရီက နှစ်ခြိုက်စွာအိပ်ပျော်သွားသည်ကို ကြည့်နေသည်။ သူမ၏အသက်ရှုသံဖျော့ဖျော့လေးကိုကြားကာမှ သူ၏အမြန်ခုန်နေသည့် နှလုံးသားမှာ ပုံမှန်ဖြစ်သွားသည်။

နောက်မှ မော့ဟန်သည် ရှုချင်းရီစကားကို နားထောင်ကို အိမ်သို့ရေချိုးရန် ပြန်လာသည်။ ရေချိုးခန်းမှန်တွင် သူ့ကိုယ်သူပြန်ကြည့်လိုက်သောအခါ ရှုချင်းရီပြောသလိုပင် နှုတ်ခမ်းမွှေးနှင့် မုတ်ဆိတ်မွှေးအစတို့က ထွက်နေသည်။ သူပြုံးကာ ရိတ်လိုက်သည်။

ထို့နောက် ခေါင်းသုတ်ပြီး အဝတ်လဲပြီးသည်နှင့် သူအဝတ်တချို့ကို ထည့်သည်။ ထို့နောက် ရှုချင်းရီအဝတ်နှင့် သူမလိုအပ်မည်များကို သူမအခန်းသို့သွားကာ ယူပြီးသည်နှင့် အိမ်မှာကြာကြာမနေဘဲ ဆေးရုံကို ပြန်သွားလေသည်။

သူကဆေးရုံတွင် ရှုချင်းရီတစ်ယောက်တည်း ဖြစ်နေမည်ကို စိုးရိမ်၍ဖြစ်သည်။ သို့သော်လည်း ရှုချင်းရီက အကြာကြီးအိပ်နေခဲ့သည်။ သူဆေးရုံကို ပြန်ရောက်ပြီးနောက် ၂နာရီလောက်ကြာသည်တောင် မနိုးသေးပေ။

"ခင်ဗျားညီမလေးက အခုအခြေအနေကောင်းပုံရတယ်။ နှစ်ရက်လောက် စောင့်ကြည့်ပြီးလို့ ဘာမှထူးခြားတာ မဖြစ်ရင် ဆေးရုံဆင်းလို့ရပါပြီ"
ဆရာဝန်ကြီးက ရှုချင်းရီ၏ကုတင်ဘေးတွင် စစ်ကြည့်ပြီး ပြောသည်။

"၂ပတ်လောက်ကြာရင် ပတ်တီးဖြေဖို့ ပြန်လာရမယ်။ အရမ်းစပ်တာ ငန်တာတွေ မစားစေနဲ့။ ပုံမှန် ပေါ့ပေါ့ပါးပါးအစားအသောက်တွေပဲကျွေး။ ဒါကအနာကျက်မြန်လိမ့်မယ်"

"သိပါပြီ"
မော့ဟန်က ပြန်ဖြေသည်။ ထို့နောက် ရှုချင်းရီ၏ကျောက်ပတ်တီးစီးထားသည့် လက်ကိုကြည့်ကာ
"လက်ကပြန်ကောင်းမှာမလား?"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now