66

4.1K 588 26
                                    

Unicode Ver

၆၆။ လှဲနေတဲ့မိန်းမ

သူမဟာ ခြေလှမ်းကို နှေးနိုင်သမျှနှေးနှေးဖြင့် အိမ်ကိုပြန်လာခဲ့သည်။ သူမအိမ်ထဲကို ခြေချသောအခါ သူမမဖြစ်ချင်ဆုံးကိစ္စမှာ စောင့်ကြိုနေခဲ့သည်။

ရှန်ယို့က ဆိုဖာပေါ်တွင် အေပရွန်ကြီးဝတ်ကာ ထိုင်နေပြီး သူမကို သဘောတကျ ကြည့်နေလေသည်။

ရှုချင်းရီက သူမကို တစ်ချက်ကြည့်ပြီးနောက် စကားတစ်ခွန်းမှ မဟပေ။ ရှုချင်းရီက ဖိနပ်ကိုလဲကာ သူမအခန်းထဲကို အမြန်ဝင်သွားချင်နေသည်။

"ညီမလေး"
ရှုချင်းရီက ရှန်ယို့အသံကို ကြားသောအခါ လန့်သွားပြီး လက်ထဲကသော့ကိုတောင် လွတ်ကျတော့မတက် ဖြစ်သွားသည်။

ထိုအချိန်တွင် ရှန်ယို့က သူမလက်မောင်းကို လာတွဲကာ ဆွဲခေါ်သွားသည်။ သူမက ပြုံးပြကာ ရှုချင်းရီကို ဆိုဖာပေါ်တွင် သူမနှင့်အတူ ထိုင်စေချင်ပုံပေါ်သည်။

ရှုချင်းရီက အားတင်းပြီး ပြုံးလိုက်ရင်း သူမလက်မောင်းက ရှန်ယို့လက်ကို ဖယ်ပစ်လိုက်ပြီး
"ကျွန်မက အမရဲ့ ညီမလေးမဟုတ်ပါဘူး"

"ညီမလေးက မော့ဟန်ရဲ့ ညီမဆိုတော့ မမရဲ့ညီမပဲပေါ့။ မော့ဟန်ခေါ်သလို မမကလည်းခေါ်မှာပေါ့"

"မော့ဟန်က ကျွန်မကို ဒီလိုမျိုးခေါ်လေ့ခေါ်ထသိပ်မရှိပါဘူး။ ကျွန်မလည်း ဒီကိုရောက်လာတာ သိပ်မကြာသေးတော့ သူနဲ့လည်း အရမ်းမရင်းနှီးပါဘူး။ ကျွန်မကို နာမည်ပဲခေါ်ပေးရင် ကောင်းပါလိမ့်မယ်"
ရှုချင်းရီက ဆက်ပြီးတော့ ဟန်ဆောင်ကာ ပြုံးမထားနိုင်တော့ပေ။

ရှန်ယို့က စိတ်ထဲတွင် ကြိတ်ပျော်သွားပြီ။ အစတုန်းက ရှုချင်းရီက မော့ဟန်အတွက် အရေးပါတဲ့သူတစ်ယောက် ဖြစ်လိမ့်မည်ဟု သူမတွေးမိခဲ့သည်။ ဒါပင်မယ့်လည်း သူမက ဘာမှမဟုတ်သည့်သူပဲ ဖြစ်ပုံရသည်။

"ဒါဆို စိတ်မဆိုးတက်ရင် ရှောင်ရှုလို့ပဲ ခေါ်မယ်နော်"
ရှန်ယို့က သူမလက်မောင်းကို ထပ်တွဲကာ ပြောသည်။

"မနေ့က မမလုပ်မိတာကို စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်နော်။ မမလည်း ဆိုးသွားမိတယ်"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now