142

3.1K 323 6
                                    

Unicode Ver

၁၄၂။ ယောက်ျား

"ညန်ညန် ဒီရှေ့နေကြီးကို ကိုယ်တို့အကြောင်း မပြောထားဖူးလား?"
ဟန်လျန်က ရှုချင်းရီအား ပြုံးရင်း မေးသည်။

"အာ ငါ့အမှားပါ။ ငါမှားသွားတာပဲ။ ညန်ညန်က ငါနဲ့တနေ့လုံးရှိနေတော့ ရှေ့နေကြီးကို ဘယ်ပြန်ပြောဖြစ်တော့မလဲ။ ဒါဆိုရင် ခင်ဗျားကို ကျွန်တော် အခုနှုတ်ဆက်လိုက်မယ်။ ကျွန်တော်က ညန်ညန်ရဲ့ ယောက်ျား ဟန်လျန်ပါ။ သူကတော့ ကျွန်တော်တစ်ချိန်လုံး လိုက်ရှာနေခဲ့တဲ့ ကျွန်တော့်မိန်းမ စုန့်ယွဲ့ညန်"

ရှုချင်းရီက မော့ဟန်အား မကြည့်ရဲတော့ပေ။ သိုသော် မော့ဟန်မှာ အလွန်အံ့သြသွားလိမ့်မည်ဟု သူမထင်ကာ ခိုးကြည့်လိုက်ချိန်မှာတော့ မော့ဟန်၏မျက်နှာတွင် ဘာအမူအရာမှ မရှိပေ။ မော့ဟန်က အေးခဲနေသည့် မျက်နှာထားဖြင့် ဘာမှမပြောဘဲ ရပ်ကြည့်နေသည်။

"ညန်ညန်ကို ကျွန်တော် ပြန်ခေါ်သွားချင်တာ။ ဒါပင်မယ့် သူကဒီမှာနေမယ်လို့ အတင်းငြင်းနေလို့။ ကျွန်တော်လည်း အတင်းခေါ်မသွားချင်တာနဲ့ ဒီမှာ ခင်ဗျားနဲ့ ခနထားခဲ့ရလိမ့်မယ်။ သူ့စိတ်အဆင်ပြေသွားတာနဲ့ ကျွန်တော်ပြန်လာခေါ်ပါ့မယ်"
ဟန်လျန်ကပြောသည်။

"ကျွန်တော်ထင်တာ မမှားဘူးဆိုရင် ဒီကောင်မလေးက လက်ထပ်လို့ရတဲ့ အရွယ်မဟုတ်သေးပါဘူး"
မော့ဟန်က ဟန်လျန်အား ပြောလိုက်သည်။ ထိုလေသံသည် ရှုချင်းရီကြားဖူးသည့် မော့ဟန်၏လေသံများထဲတွင် အအေးစက်ဆုံးအမာဆုံးဖြစ်သည်။

ဟန်လျန်ကပြုံးကာ လက်ထပ်စာချုပ်အား မော့ဟန်ကို ပြလိုက်သည်။
"ခင်ဗျားစိတ်ပူစရာမလိုပါဘူး။ ညန်ညန်က အသက်၂၁နှစ်ရှိနေပြီ။ ကျွန်တော်တို့က အတူတူကြီးပျင်းလာတဲ့ ငယ်သူငယ်ချင်းတွေ။ သူကျောင်းပြီးသွားပြီး အသက်၂၀ပြည့်တာနဲ့ ကျွန်တော်တို့ လက်ထပ်ထားကြတာ"

မော့ဟန်က ရှုချင်းရီအား ကြည့်လိုက်သော်လည်း သူမ၏မျက်နှာတွင် အသက်၂၁နှစ်အရွယ် အရိပ်အယောင်မျိုး လုံးဝရှိမနေပေ။ သူဘယ်လောက်ကြည့်ကြည့် ဒီကောင်မလေးသည် အထက်တန်းကျောင်းသူ အရွယ်လေးပင်။ ဒါပင်မယ့်လည်း ဟန်လျန်၏ လက်ထပ်မှတ်ပုံတင်က အသက်အမှန်ကို ရေးထားသောကြောင့် မော့ဟန်က မငြင်းနိုင်ဖြစ်သွားသည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now