179

2.7K 273 1
                                    

Unicode Ver

၁၇၉။ ပြန်တွဲကြမယ်

ရှုချင်းရီက ဘာမှဖြစ်မသွားသောကြောင့် သူမ၏လက်နှစ်ဖက်ကိုခါကာ ပြန်ထရန် လုပ်သည့်အချိန်တွင် မော့ဟန်က သူမအားလာထူပေးသည်။ သူမက ရှန်ယို့ကို ဒေါသတကြီး ကြည့်လိုက်ကာ
"ရန်ဖြစ်ချင်နေတာလား?"

"နင်က ငါ့နဲ့ရန်ဖြစ်ချင်သေးတယ်လား? အရှက်မရှိတဲ့ စနိုက်ကျော်မ!"
ရှန်ယို့က ပြောသည်။

ရှုချင်းရီမှာတော့ ဒါကိုကြားသည့်အခါ သူမမေးတောင်ပြုတ်ကျသွားသည်။ ထို့ကြောင့် သူမသည် ပြန်ပြောတော့သည်။
"မူလတန်းကျောင်းကို ပြန်သွားပြီး ဘယ်စကားက ဘာကိုပြောတာလဲဆိုတာ ပြန်သင်လိုက်ပါဦး"

"နင်ဘာစကားပြောတာလဲ?"

"ဘာကိုပြောရမှာလဲ ဦးနှောက်ကိုသုံးလို့။ ဦးနှောက်ဆိုတာ သူများကို အပြစ်လျှောက်တင်ဖို့ မဟုတ်ဘူး။ စဉ်းစားဖို့! သူများကို စနှိုက်ကျော်လို့ ပြောသင့်မပြောသင့် ဦးနှောက်နဲ့ တွေးကြည့်လေ"
ရှုချင်းရီက သူမအား ဦးနှောက်မရှိသည့်အရူးမဟု သွယ်ဝိုက်ကာ ပြန်ပြောလိုက်ခြင်း ဖြစ်သည်။

"ဒီမှာ အမကြီး ကိုကြီးနဲ့ ပျက်သွားမှတော့ သူ့ဟာသူ နောက်တစ်ယောက်ထားပြီး ဘာပဲလုပ်လုပ် အမနဲ့ဆိုင်တာ မဟုတ်ဘူး! ကိုကြီးကို မကြိုက်တော့ရင် သူများကိစ္စကို ဝင်ရှုပ်မနေဘဲ ကိုယ့်လမ်းကို သွားပါတော့။ ကိုကြီးကို ကြိုက်နေသေးတယ်ဆိုရင်လည်း ပြန်တွဲဖို့ တောင်းပန်ပါလား။ ကိုယ့်ကိုယ်ကို မြင့်မြတ်ပြီး သိက္ခာရှိသူကြီးလို လာလုပ်မနေနဲ့"
ရှုချင်းရီသည် ဒေါသထွက်လွန်း၍ မရပ်မနားပြောတော့သည်။

ရှန်ယို့တော့ ဘာမှပြန်မပြောနိုင်ဘဲ သူမကို ငေးနေသည်။ မော့ဟန်မှာလည်း ရှုချင်းရီ၏ ဒေါသထွက်လွန်း၍ အသက်ရှုဖို့တောင် မနားဘဲ တရစပ်ပြောနေသည်ကို တအံ့တသြကြည့်နေမိသည်။ ထိုအခိုက်အတန့်တွင် မော့ဟန်သည် အရမ်းရယ်ချင်လာသည်။

"ကျွန်မကို အမဘာများ ထပ်ပြောချင်ဆဲချင်သေးလဲ? နောက်တစ်ခေါက် ထပ်တွေ့လို့ ကျွန်မကို ဒီလိုထပ်ပြောမယ်ဆိုရင် အမနဲ့ကျွန်မတွေ့တော့မယ်"
ရှုချင်းရီက ရှန်ယို့ကို စိုက်ကြည့်ကာ ပြောသည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now