3

9.1K 908 0
                                    

Unicode Ver

၃။ ကျွန်မကိုသိလား? 

Annaက ခေါင်းခါတယ်။
"ကျွန်မလည်း မသိဘူး။ ဆေးရုံဝတ်စုံ ဝတ်ထားတဲ့ ကောင်မလေးတစ်ယောက်ပဲ။ မျက်နှာက ကြောက်နေလို့ ဖြူဖပ်နေတာ ဖြစ်မယ်ထင်တယ်။ သူမေးတာက ရှေ့နေကြီးက ဒီမှာအလုပ်လုပ်တာလားတဲ့။ ကျွန်မက ဟုတ်တယ်လို့ ဖြေလိုက်တယ်။ ပြီးတော့ ထိုင်ချပြီး စောင့်နေတော့တာပါပဲ"

မော့ဟန်က မျက်ခုံးကျုံလိုက်မိပင်မယ့်ဘာမှတော့ ပြန်မပြောဘူး။

"အရင်အမှုတွေတုန်းက သိခဲ့တဲ့သူများလား? ဒါမှမဟုတ် အမှုလိုက်ပေးစေချင်တဲ့သူများလား? သနားစရာလေး"

"ဘာထပ်ပြောသေးလဲ?"

"ဘာမှမပြောဘူး။ အဲ့ဒီထောင့်လေးမှာ ခေါင်းလေးငုံပြီး ရပ်စောင့်နေတာပဲ။ ကျွန်မ သူ့ကိုသနားလို့ ဧည့်ခန်းမှာ ထိုင်ခိုင်းထားတာ။ တစ်ခုခုသောက်ဦးမလားမေးပင်မယ့် ဘာတစ်ခွန်းမှ ပြန်မပြောဘူး။

မော့ဟန်က သူ့အိတ်ကို ချလိုက်တယ်။ သူ့ကိုဘယ်သူလာရှာတာလဲဆိုတာ သဲလွန်စရှာမရတော့တာကြောင့် ဧည့်ခန်းထဲ ဝင်လိုက်တယ်။
"ငါအထဲဝင်လိုက်မယ်။ မင်းတို့အပြင်ကစောင့်နေ"

တံခါးဖွင့်လိုက်တဲ့အခါ သူမြင်လိုက်ရတာက သူမရဲ့ နောက်ကျောပဲ။ Annaပြောသလို ဆံပင်အတိုလေးနဲ့ ပိန်ပိန်ပါးပါးလေးပဲ။ ဆေးရုံဝတ်စုံဝတ်ထားပြီးတော့ ခေါင်းလေးငုံကာ ထိုင်ခုံမှာထိုင်နေတယ်။

"ငါ့ကို ရှာနေတာလား?"
မော့ဟန်က မေးလိုက်တယ်။

သူ့ရှေ့က ကောင်မလေးက သူ့အသံကြားတော့ ထရပ်ကာ မော့ကြည့်တယ်။

အဲ့ဒီတော့မှ မော့ဟန်က သူ့မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ရတော့တယ်။ သူမဆံပင်တိုတွေက နည်းနည်းရှုပ်ပွနေတယ်။ သူမမှာ ဖြူဖျော့နေတဲ့ မျက်နှာလေးနဲ့ လှပတဲ့မျက်ဝန်းတစ်စုံ ရှိတယ်။ ဆေးရုံဝတ်စုံဝတ်ထားတာကြောင့် နေမကောင်းတဲ့ပုံလေးနဲ့ ညှိုးနွှမ်းနေကာ ဖြူဖျော့နေတာ ဖြစ်နိုင်တယ်။ သူမက အသက်မရှိတဲ့ ရုပ်သေးရုပ်လှလှလေးလိုပဲ။

ကောင်မလေးရဲ့မျက်လုံးတွေက သူ့ကိုယ်ပေါ်မှာ တစ်ခုခုရှာနေသလိုမျိုး ပြေးလွှားနေပြီးမှ မေးတယ်။
"ကျွန်မကို သိလား?"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now