12

6.7K 807 7
                                    

၁၂။ ရင်ဘတ်အောင့်ခြင်း

မော့ဟန်က မေးသည်။
"ဆေးရုံကိုရောက်တုန်းက သူဘယ်လိုဒဏ်ရာတွေ ရခဲ့တာလဲ?"

ဆရာဝန်ကြီးက ဆေးမှတ်တမ်းကို ပြန်ကြည့်ကာ ရှင်းပြသည်။
"ဒီကိုရောက်တုန်းက အသက်မျော့မျော့လေးပဲရှိတော့တယ်။ ဗိုက်မှာ ထိုးခံရတဲ့ ဓားဒဏ်ရာကြောင့် အတွင်းပိုင်းသွေးထွက်လွန်တယ်။ နှလုံးနားမှာလည်း တစ်ချက်ထိုးခံရပြီးတော့ သွေးကြောတွေလည်း ပိတ်နေတယ်။ ဘယ်ဘက်လက်မောင်းမှာက နှစ်ချက်၊ ညာဘက်လက်မှာက တစ်ချက်ထိထားသေးတယ်။ ကျောမှာတော့ ရှပ်ထိမိတာတွေများတယ်။ နံရိုးနှစ်ချောင်း ကျိုးသွားပင်မယ့် အကုန်ကုပေးပြီးပါပြီ။ ကျန်တာတွေက အမာရွတ်တွေနဲ့ အသေးအမွှားလေးတွေပါပဲ။

ဆေးမှတ်တမ်းအကြောင်းပြောပြခြင်းက မော့ဟန့်မျက်နှာအမှုအယာကို ပြောင်းလဲစေတယ်။ သူ့ရှေ့မှာ ရပ်နေတဲ့ ဆရာဝန်ကြီးက သူ့မျက်လုံးတွေ အေးစက်သွားတာကို ခံစားမိပြီး ဘာကြောင့်မှန်းမသိ ကြောက်မိသည်။

သူက မော့ဟန့်အမှုအယာကိုကြည့်ကာ သက်ပြင်းကြီးတစ်ချက် ချလိုက်သည်။
"ခင်ဗျားညီမလေးက တကယ်ကံကောင်းတယ်! ကယ်မယ့်သူ တစ်ယောက်မှမရှိဘဲ ဆေးရုံရှေ့မှာ လဲနေခဲ့တာ။ တကယ်လို့ စိတ်ကောင်းရှိတဲ့သူတစ်ယောက်ယောက်ကသာ ဆေးရုံခတွေ ခွဲစိတ်ခတွေ ကူညီပြီး မပေးခဲ့ရင် အရေးပေါ်ဌာနက ကုသမှုကို ခံရမှာ မဟုတ်ဘူး။ အဲ့လိုဖြစ်ခဲ့ရင်လည်း အခုဆို သေနေလောက်ပြီ"

အမှုတွေအများကြီးကို ကိုင်တွယ်ပြီးတဲ့အခါမှာ မော့ဟန်က အကြမ်းဖက်သမားတွေနဲ့လည်း ကြုံခဲ့ဖူးပါသည်။ သူတို့လုပ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကိုလည်း ကိုယ်တိုင်မြင်ခဲ့ရပင်မယ့် သူတို့အပေါ်မှာ ဘယ်လိုစိတ်ခံစားချက်မျိုးမှ မရှိခဲ့ဘူး။ သူက သာမန်လူတွေလိုမဟုတ်ဘဲ တည်ငြိမ်လွန်းသည်။ သူ့အမှုသည်ရဲ့ အခြေအနေကိုပဲ သူနားလည်ချင်ခဲ့သည်။ ဘယ်တရားပြိုင်အပေါ်မှာ ကိုယ်ချင်းမစာဖူးဘူး။ အချိန်အတော်ကြာအောင် သူကိုင်တွယ်တဲ့ အမှုတွေကိုပဲ နိုင်ချင်ခဲ့သည်။

ဒီနယ်ပယ်ထဲက လူတိုင်းက သူ့ကိုသံမဏိနှလုံးသားနဲ့ အေးစက်တဲ့ရှေ့နေလို့ ပြောကြသည်။ အရမ်းဆိုးတဲ့ အကြမ်းဖက်မှုတွေကိုတောင်မှ သူ့သမာဓိကျတဲ့နည်းလမ်းနဲ့ ကိုင်တွယ်ခဲ့သည်။ အဲ့ဒါကြောင့် သူကအမှုတွေကို ဓိမ္မဓိဋ္ဌာန်ကျကျရှုမြင်နည်းနဲ့ ချည်းကပ်ခဲ့ပြီး ဒီလောကမှာ သူကနာမည်ကြီးသည်။ လူတွေက သူတို့အမှုတွေမှာ သူ့ကိုပဲပိုပြီးအမှုလိုက်စေချင်ကြသည်။ မော့ဟန်ကိုင်တဲ့အမှုတိုင်း မရံှုးဖူးဘူးဆိုတာကို သိကြတာကြောင့်ဖြစ်သည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now