27

5K 597 4
                                    

Unicode Ver

၂၇။ ကျွန်မက သူ့ညီမ

"ဈေးကြီးလို့လား?"
ရှုချင်းရီက မေးသည်။

"တစ်စုံလုံးကို ၃၈၈ယွမ်ပါ"

"အင်း . . .ယူမယ်လေ"

အရောင်းဝန်ထမ်းက တစ်မိနစ်အတွင်းမှာ တစ်စုံရောင်းလိုက်ရသောကြောင့် အံ့သြနေသည်။

"ကူပြီးရွေးပေးပါဦး။ ကျွန်မsizeကို ဈေးလည်းသိပ်မကြီးဘဲ သင့်တော်တဲ့ဟာမျိုးလေးတွေဆိုရင် ဝယ်မလို့"
ရှုချင်းရီက ပင်ပန်းလာသောကြောင့် ဆိုဖာပေါ်တွင်ထိုင်ကာ ဈေးဝယ်ခြင်းကိုစိတ်မဝင်စားသည့်အလား အရောင်းဝန်ထမ်းကိုပြောသည်။

အရောင်းဝန်ထမ်းက သူမကိုအံ့သြစွာ ကြည့်သည်။
တကယ်ကြီးလား? ဒါတကယ်ဖြစ်နေတာလား? သူဒီကိုဈေးဝယ်ဖို့လာတာတော့ ဟုတ်ပါတယ်နော်။

ဒီလိုနဲ့ပဲ အရောင်းဝန်ထမ်း၏ အံ့သြမှုအထွေထွေအောက်မှာ သူမဟာအမြန်ဆုံး ဈေးဝယ်ခြင်းစံချိန်ကို ချိုးပစ်လိုက်သည်။ သူမငွေပေးချေပြီးသည်နှင့် ဆိုင်၏အဝတ်လဲခန်းတွင် ဝတ်စုံအသစ်တစ်စုံလဲလှယ်ပြီးဝတ်ကာ အိတ်များကိုဆွဲ၍ လျှောက်ထွက်သွားသည်။

သူမလိုအပ်သည်များကို ဝယ်ပြီးcenterထဲမှ ထွက်လာသောအခါ ကောင်ကင်ကြီးမှာ မိုးသားများအလိပ်လိပ်ဖြင့် မိုးရွာတော့မတက်
မည်းမှောင်နေသည်။

မော့ဟန်က ဈေးဝယ်ပြီးသည့်အခါ သူ့ကိုဖုန်းဆက်ခေါ်ရန်မှာသွားပင်မယ့် သူမဖုန်းအသစ်စက်စက်လေးတွေ contact listမှာ ပြောင်ရှင်းနေသည်။ ထိုအခါမှ နောက်ပြဿနာကြီးတစ်ခုကို သူမသိလိုက်တော့သည်။

သူမတွင် မော့ဟန်၏ ဖုန်းနံပတ် မရှိပေ!

မော့ဟန်က သူမတွင် ဖုန်းမရှိတာသိသောကြောင့် အရင်လှမ်းဆက်သွယ်ရန် မဖြစ်နိုင်သလို သူမကလည်း သူ့ဖုန်းနံပတ်ကိုမသိပါ။ ပြီးတော့လည်း အိမ်ကိုပြန်ရအောင် အိမ်မှာ ဘယ်လိုပုံစံမှန်း သူမမသိဖြစ်ပြန်သည်။ သူမထိုအိမ်ကိုရောက်သွားတုန်းက မနက်၃နာရီဖြစ်သောကြောင့် အပြင်ဘက်တွင်မှောင်မဲနေကာ သူမဘာမှမမြင်ခဲ့ပါ။ သူမသိသည်ဆိုသည်၍ ထိုအိမ်တံခါးမှာ လိမ္မော်ရောင်ဖြစ်သည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now