148

2.8K 280 9
                                    

Unicode Ver

၁၄၈။ အထဲမှ ပိတ်ထားခြင်း

ပတ်ဝန်းကျင်က တိတ်ဆိတ်သွားကာ ရှုချင်းရီ၏ခေါင်းမှာ နာကျင်လာသည်။ သူမက ဒီလမ်းပေါ်တွင် တစ်ထပ်အိမ်လေးကို ကြည့်နေသည့် အသက်၁၂နှစ်အရွယ် သူမကိုယ်သူမမြင်နေသည်။ ဒီလမ်းပေါ်တွင် သူမတစ်ယောက်တည်း ငိုနေရင်း လျှောက်နေကာ လေတို့က တဟူးဟူးတိုက်နေခဲ့သည်။ တစ်ထပ်အိမ်လေးကို သူမမမြင်ရတော့ဘဲ ငိုသံကသာ ပိုကျယ်လာတော့သည်။ သူမကို နောက်ကနေအော်သံကြား၍ လှည့်ကြည့်လိုက်သည့်အခါ ဒီအမျိုးသမီးကို တွေ့လိုက်ရသည်။ သူမမှတ်ညဏ်ထဲက ဒီအမျိုးသမီးဟာ အခုထပ်ငယ်သေး၍ အဝါရောင်ဂါဝန်ကို ဝတ်ထားကာ သူမအားပြေးဖက်ပြီး
"အိမ်ပြန်ကြရအောင်။ အိမ်ပြန်ကြမယ်နော်"

ဒါဟာရှုချင်းရီ ပြန်မှတ်မိခြင်း ဖြစ်သည်။ ဒါက သူမ၏အတိတ်အစစ်ပင် ဖြစ်သည်။ ဟန်လျန်ပြောပြသလို ရှောင်မေးက ပုံတွေပြသလိုမျိုး သူမအတိတ်ကို သူမခန့်မှန်းနေရခြင်း မဟုတ်ပေ။ ဒီမှတ်ညဏ်က နာကျင်ရသည့် အတိတ်အစစ်အမှန်သာ ဖြစ်တော့သည်။

"ညန်ညန်. . .တစ်ခုခုမှတ်မိလား?"
ဟန်လျန်က မေးသည်။

ရှုချင်းရီက သူမ၏မျက်နှာမှ မျက်ရည်များကို သုတ်ကာ
"ခေါင်းတော်တော် ကိုက်လာလို့"

"အိမ်ထဲကို အရင်ဝင်လာကြလေ။ သမီးအတွက် အမေဆေးယူပေးမယ်။ ငယ်ငယ်လေးကတည်းက ဒီလိုခေါင်းကိုက်တက်လို့ ဆေးစွဲသောက်ရတာ"
ထိုအမျိုးသမီးက ပြောသည်။

ထိုအမျိုးသမီးက ရှုချင်းရီအား အိမ်ထဲသို့ ဆွဲခေါ်သွားသည်။ ရှုချင်းရီက မော့ဟန်ကို လှည့်ကြည့်လိုက်သည့်အခါ မော့ဟန်၏မျက်လုံးများမှာ အေးစက်နေကြောင်း သူမတွေ့လိုက်ရသည်။ မော့ဟန်မှာ ခုနတုန်းက သူမ၏အခြေအနေကြောင့် ဒီလိုဖြစ်သွားတာ ဖြစ်မည်ဟု သူမထင်လိုက်သည်။

အိမ်ထဲရောက်သည့်အခါ ရင်းနှီးသည့် ခံစားမှုက ပိုတိုးလာသည်။ ရှုချင်းရီက အသက်မနည်းရှုကာ ခရမ်းရောင်ရင့်ရင့် ခန်းစီးများကို ကြည့်လိုက်သည်။ ကြမ်းပြင်က ပါကေးခင်းထားကာ အဖြူရောင်အဝတ်စဖုံးထားသည့် စန္ဒယားတစ်ခုရှိသည်။ ရှုချင်းရီမှာ ခြေထောက်များယိုင်သွားကာ လဲကျတော့မတက် ဖြစ်သွားသည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now