173

2.7K 243 0
                                    

Unicode Ver

၁၇၃။ ကံကြမ္မာ

မော့ဟန်က မျက်မှောင်ကျုံလိုက်ကာ
"မနေ့တုန်းက သူ့ကိုမင်းဘယ်မှာ တွေ့တာလဲ?"

"ရုံးရှေ့မှာ။ ကျွန်တော် ကော်ဖီဆင်းဝယ်တုန်းက တွေ့တာ"

မော့ဟန်က သူ့ကိုစိုက်ကြည့်နေသဖြင့် လျူဇီယွမ်က ခေါင်းကုတ်ကာ
"သူတစ်ခုခုဖြစ်လို့လား? ဒီလိုဆိုကာမှ ရုံးကိုတောင် သူမလာတော့တာ အတော်ကြာပြီပဲ။ အရင်တုန်းက ခနခနလာတယ်မလား? အခုတော့ သိပ်မလာတော့ဘူးနော်"

"မင်းကသူ့ကို အရမ်းစိတ်ဝင်စားနေတာလား?"
မော့ဟန်က မေးလိုက်သည်။

မော့ဟန်၏အမူအယာပြောင်းသွားသည်ကို မြင်လိုက်သည့်အခါ လျူဇီယွမ်က ကပြာကသီဖြင့်
"မဟုတ်ပါဘူး. . .မဟုတ်ပါဘူးဗျာ။ ရှေ့နေကြီး စိတ်မပူပါနဲ့။ ကျွန်တော်နဲ့ ရှုရှုတို့က သူငယ်ချင်းတွေပါ"

"မင်းက သူ့ကို ရှုရှုလို့ ခေါ်တယ်လား?"
မော့ဟန်လေသံမှာ ရေခဲမှတ်အောက်သို့ ကျဆင်းသွားသည်။

"မဟုတ်ပါဘူး. . .မဟုတ်ဘူး. . . ရှုရှုက ဒီလိုခေါ်ဖို့ ပြောလို့။ ဒီလိုမဟုတ်. . .ကျွန်တော်ပြောချင်တာက. . ."

မော့ဟန်က စိုက်ကြည့်နေသည့်အခါ လျူဇီယွမ်သည် ကြောက်လန့်သွားသည်။ သို့သော်လည်း သက်ပြင်းချကာ
"အစတုန်းက သူ့နာမည်က ခေါ်ရခက်တယ်။ အဲ့ဒါကြောင့် ရှုရှုလို့ပဲ ခေါ်ရမလား မေးလိုက်တော့ ရတယ်ဆိုလို့။ ကျွန်တော်လည်း ခေါ်ဖြစ်သွားတာ"

"မင်းတို့နှစ်ယောက်က အဆက်အသွယ်ရှိနေကြတာလား?"

လျုဇီယွမ်က ခေါင်းခါကာ
"မဟုတ်ပါဘူး။ ခနလောက်လေးပဲ ပြောဖူးတာပါ"

မော့ဟန်၏အမူအယာက အေးစက်လာသည်ကို မြင်သည့်အခါ သူရင်ထဲအသည်းထဲက ကြောက်လန့်လာကာ သူ့ညီမလေးအကြောင်းပြောခြင်းကို ရပ်လိုက်ပြီး
"ဒါနဲ့. . .ရှေ့နေကြီး ကျွန်တော်လုပ်စရာတစ်ခု သတိရလာလို့။ သွားလိုက်ဦးမယ်"

မော့ဟန်၏ ရှေ့နေရုံးထဲမှ ထွက်သွားသည့် ကားပေါ်တွင် ဉက္ကဌကြီးက မော့ဟန်ပြောလိုက်သည့်စကားများကြောင့် ဒေါသထွက်နေသည်။ မော့ဟန်က သွေးအေးသည့်လူဆိုသည်က အရင်ကတည်းက သူကြားဖူးခဲ့သော်လည်း ဒီနေ့မော့ဟန်၏ ပြတ်သားမှုနှင့် ကြုံလိုက်ရသည်။ မော့ဟန်တို့တွင် သက်သေရှိနေသမျှ သူတို့အမှုကိစ္စမှာ ရှုံးတော့မည် ဖြစ်သည်။ မော့ဟန်သည် ဘယ်အမှုကိုမှ မရှုံးဖူးသည့် ရှေ့နေတစ်ယောက်ဖြစ်နေသည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now