91

3.8K 546 13
                                    

Unicode Ver

၉၁။ ဖက်ပေးထားချင်တယ်

"အဲ့ဒီအချိန်တုန်းက ငါဘာလုပ်ခဲ့သလဲ သဲသဲကွဲကွဲမမှတ်မိတော့ဘူး။ ငါငိုနေမိခဲ့မယ်လို့တော့ ထင်ရတာပဲ"
မော့ဟန်က ခေါင်းခါရင်း ဆက်ပြောသည်။

"အဲ့ဒီနောက်ပိုင်းမှာ ကုမ္ပဏီက လူတိုင်းရဲ့အရှေ့မှာ နွေးထွေးတဲ့လူကောင်းတစ်ယောက်လို ထင်ရတဲ့ ငါ့အဖေက လူမသိသူမသိ ဆေးစွဲနေခဲ့တယ် ဆိုတာကို သိလိုက်ရတယ်။ အမေကတော့ သိပြီးပုံရတယ်။ ဒီလိုဆေးစွဲနေတာကြောင့် အမေက အဖေကို ဆေးတွေ ဆက်မသုံးခိုင်းတဲ့နောက်မှာတော့ အဖေက သူ့ကိုယ်သူမထိန်းဖြစ်သွားပြီး အမေ့ကိုရိုက်နှက်ခဲ့တဲ့အထိ ဖြစ်သွားခဲ့တာ"

"နောက်နေ့မှာတော့ သူတို့က အရင်လိုပဲ ပြန်နေကြတယ်။ မိဘဆရာတွေ့ဆုံပွဲတွေဆိုရင်လည်း သူတို့က လက်တွဲပြီး အတူတူတက်ကြတယ်။ ငါ့သူငယ်ချင်းတွေကို ငါနဲ့အဆင်ပြေအောင် နေကြဖို့ပြောတယ်။ ဆရာတွေနဲ့လည်း ငါ့ကျောင်းကိစ္စတွေကို ဆွေးနွေးကြတယ်"

"ဒါပင်မယ့် ဒါတွေအားလုံးရဲ့ အနောက်မှာ ဘာတွေဖြစ်နေလဲဆိုတာကို ဘယ်သူက သိမှာလဲ? အဖေဆေးသုံးနေတာကိုငါသိသွားတဲ့အကြောင်းကို သူတို့သိသွားတဲ့နောက်မှာ သူတို့အပြုအမူတွေက ပိုထိန်းမရသိမ်းမရ ဖြစ်လာတယ်။ ငါ့ကိုချုပ်ချယ်တာမျိုးမလုပ်ဘဲ လွတ်လပ်မှုတော့ အပြည့်အဝပေးကြပါတယ်။ အဖေက ဆေးဆက်သုံးနေပြီးတော့ အမေကတော့ ဆက်မသုံးတော့ဖို့ အမြဲတမ်းဆူနေတက်တယ်။ အဖေကတော့ အမေ့ကို ပြန်ရိုက်နှက်လိုက်တာပဲ"

"အဖေဆေးသုံးပြီးတော့ တစ်ကိုယ်လုံးတုန်နေတဲ့အချိန် ပြုံးတဲ့အပြုံးကို မင်းဘယ်တုန်းကမှ မြင်ဖူးမှာ မဟုတ်ဘူး။ ဒါကဘယ်လိုမှ တကယ်မေ့မရတာမျိုးပဲ"
မော့ဟန်၏ အသံမှာ အနည်းငယ်တုန်လာသည်။

"တစ်ခါတုန်းက အဖေက သူ့ဆေးသုံးနေတုန်း ငါကြမ်းပြင်ပေါ်မှာ ထိုင်နေတဲ့အချိန်မှာ ငါ့ကိုရော သုံးကြည့်ချင်လားလို့ မေးဖူးတယ်"

ရှုချင်းရီက သူမလက်ကို မော့ဟန်၏လက်ပေါ်တင်လိုက်ကာ သူ့ကိုမကြည့်ဘဲ မနေနိုင်ဘူး။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now