149

2.8K 291 10
                                    

Unicode Ver

၁၄၉။ မင်းအကိုကြီးမဟုတ်ဘူး

မော့ဟန်က ရှုချင်းရီဆီသို့ လျှောက်လာကာ
"အခုမှတ်မိပြီလား?"

ရှုချင်းရီက သူ့အားလိမ်လို့မရသည်ကို သိသောကြောင့် ခေါင်းငြိမ့်ကာ
"နည်းနည်းပါ"

"ဘာကိုမှတ်မိတာလဲ?"
မော့ဟန်၏လေသံမှာ ပုံမှန်လိုမဟုတ်ဘဲ အေးစက်နေသည်။

"ခုနက အမျိုးသမီးကြီးလေ။ အရင်တုန်းကအကြောင်း နည်းနည်းမှတ်မိလိုက်တယ်။ နည်းနည်းလေးဆိုပင်မယ့် အစစ်လို့ထင်ရတာပါပဲ"

"ဟန်လျန်ကိုရော?"

"ဘာကိုမှ မမှတ်မိဘူး"
ရှုချင်းရီက ခေါင်းခါပြသည်။
"ဒါပင်မယ့်လည်း ဟုတ်မယ်ထင်တယ်"

မော့ဟန်က ရယ်ကာ
"ဘာကဟုတ်တာလဲ? ထင်ကြေးလား။ မင်းက ညဏ်ကောင်းရဲ့နဲ့ ဒါလေးနဲ့ ခေါင်းရှုပ်နေရလား?"

"ကိုကြီး. . . နေ့လည်တုန်းက . . .ရှောင်မေးပြတဲ့ပုံတွေကို တွေ့လိုက်တယ်။ အဲ့ဒီပုံထဲကသူက တကယ်ပဲ ညီမလေးထင်တယ်။ ပြီးတော့ စားသောက်ဆိုင်က အခန်းလည်း. . .ရင်းနှီးနေသလိုပဲ"

"အောက်ထပ်က အမျိုးသမီးကို မှတ်မိတာလေးနဲ့ ဟန်လျန်ပြောသမျှကို အမှန်လို့ထင်နေတာလား?"
မော့ဟန်က ပြန်မေးလိုက်သည်။

"ဒါဆိုရင်. . .ဒီပုံကရော? ဘယ်လိုရှင်းပြကြမလဲ?"
ရှုချင်းရီက သူမအနောက်က မဂ်လာဓာတ်ပုံကိုပြရင်း ပြောသည်။
"သူ့မိန်းမဖြစ်လာဖို့အတွက် သူကဒီလောက် အကုန်အကျခံပြီး လုပ်ထားပါ့မလား?"

"ကိုကြီး. . ."
ရှုချင်းရီက ပြောသည်။
"မဟုတ်. . ."

မော့ဟန်က စကားကို ဒေါသတကြီး ဖြတ်ပြောသည်။
"ငါ့ကို ကိုကြီးလို့ ခေါ်မနေနဲ့! ငါမင်းရဲ့ အကိုကြီးမဟုတ်ဘူး"

ရှုချင်းရီက ကြောင်အသွားသည်။ သူမလေသံကပျော့သွားကာ ပုခုံးတွေက တုန်လာပြီး
"အကိုကြီး မဟုတ်မှန်းသိပါတယ်။ ပထမဆုံးစတွေ့ကတည်းက မျက်လုံးတွေကို ကြည့်ရုံနဲ့ အမျိုးမဟုတ်ဘူးဆိုတာ သိခဲ့တယ်"

"ညီမလေးမှာ အမျိုးလည်း ရှိတယ်လို့မှ မထင်ခဲ့တာ"

ရှုချင်းရီက ခေါင်းငုံသွားကာ
"ဒါပင်မယ့်. . .ဒီနေ့တော့ အရင်ကအကြောင်းတွေကို ပြန်မှတ်မိစပြုလာပြီ။ ကောင်းလား ဆိုးလား မသိပင်မယ့် ညီမလေး ပျော်တယ်။ ညီမလေးက သူများတွေ စွန့်ပစ်လိုက်တဲ့သူ မဟုတ်ဘူးဆိုတာလောက်တော့ သိလိုက်ရပြီလေ"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now