151

2.8K 278 2
                                    

Unicode Ver

၁၅၁။ အိပ်မရခြင်း

"မဟုတ်ပါဘူး။ ဒီတိုင်း အိပ်နေမကျလို့ပါ။ ကျွန်မက အတိတ်မေ့နေသေးတာကို သိတယ်မလား။ ကိုမာဖြစ်ပြီးနိုးလာကတည်းက တစ်ယောက်တည်း အိပ်နေကျဖြစ်နေလို့ပါ"

"တကယ်လို့ စိတ်မချဖြစ်နေတာဆိုရင် ကိုယ်ညန်ညန်ရဲ့ ခွင့်ပြုချက်မရှိဘဲ မထိပါဘူး"

ရှုချင်းရီက ပြုံးကာ
"မဟုတ်ပါဘူး။ အခုတစ်ယောက်တည်းပဲ အိပ်ချင်လို့ပါ"

ဟန်လျန်က သူမအား ဖျောင်းဖျချင်နေသည့်ပုံပေါ်သောကြောင့်
"ကျွန်မပြန်မှတ်မိတဲ့အချိန်အထိ ရှင်ခနလောက် ကျွန်မကို စောင့်ပေးပါလား? အချိန်အကြာကြီးမဟုတ်ပါဘူး"

ဟန်လျန်က ပြောသည်။
"အင်း. . .ကိုယ်စောင့်ပါ့မယ်"

သူက တံခါးနားမှာရပ်နေသည့် ရှုချင်းရီအား ကြည့်ကာ ရယ်ပြီးနောက်
"ညန်ညန် ဒီကိုခနလာပါဦး"

ရှုချင်းရီက
"ဟမ် ဘာဖြစ်လို့လဲ?"

"လာပါကွ"

ရှုချင်းရီက အိပ်ရာပေါ်တွင် စာအုပ်ထိုင်ဖတ်နေသည့် ဟန်လျန်၏အနားသို့ သွားလိုက်သည်။ ဟန်လျန်က ခါးကိုမတ်ကာ သူမ၏လည်ပင်းကို သိုင်းဖက်ပြီး ဆွဲကိုင်းစေသည်။ ထို့နောက် သူ့နှုတ်ခမ်းတို့က သူမနှုတ်ခမ်းနားသို့ နမ်းရန် တိုးကပ်လာသည်။

ရှုချင်းရီက လန့်သွားကာ အများကြီးတွေးချိန်မရဘဲ ဟန်လျန်အား ချက်ချင်း တွန်းထုတ်ပစ်လိုက်သည်။ ဟန်လျန်က သူ့ကိုသူမဒီလောက်အထိ လုပ်မယ်မထင်သောကြောင့် တအံ့တသြကြည့်လာသည်။

ရှုချင်းရီမှာ အရမ်းလန့်သွားသဖြင့် အရူးလိုခုန်နေသည့် ရင်ခုန်သံတွေကိုထိန်းကာ
"တောင်းပန်ပါတယ်. . .ကျွန်မ မရည်ရွယ်ပါဘူး"

ဟန်လျန်က စိတ်ပျက်သွားကာ
"ရပါတယ်။ ကိုယ်တို့ရဲ့ ညတိုင်းမအိပ်ခင်ပေးနေကြအနမ်းကို မှတ်မိမယ်ထင်ခဲ့တာ"

ဘယ်လိုပြန်ပြောရမလဲမသိသည့် ရှုချင်းရီက ကုတင်ဘေးတွင် ကသီးကအောင့်ဖြစ်စွာ ရပ်နေသည်။

"ထားလိုက်ပါတော့။ နောက်ကျနေပြီပဲ။ သွားအိပ်တော့လေ"
ဟန်လျန်က ပြောသည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now