120

3.4K 402 16
                                    

Unicode Ver

၁၂၀။ ဘာလုပ်နေတာလဲ?

ရှုချင်းရီက သူ့ကိုနှိုးကာ ဘာတွေဖြစ်ခဲ့သလဲဟု မေးချင်သော်လည်း မော့ဟန်က သူ့အားတစ်ချက်လေးတောင်မကြည့်ပေ။ သူက ရှုချင်းရီကို ဆွဲကာသာ ထွက်သွားသည်။

"လက်နာနေပြီ"
ရှုချင်းရီက မော့ဟန်အနောက်ကနေ လိုက်ရင်း အသံပျော့ပျော့လေးဖြင့် ပြောသည်။

သို့သော်လည်း မော့ဟန်က သူမလက်ကို တင်းတင်းဆွဲထားသည်ကို လျှော့မပေးဘဲ ဆက်သွားသည်။

"ရပ်ပေးဦး။ ညီမလေး ဖိနပ်မစီးရသေးဘူး။ ခြေထောက်တွေလည်း နာနေပြီ"

ရှုချင်းရီက မော့ဟန်ကို ဆက်ဆွဲမခေါ်သွားစေချင်တော့ပေ။ သူမက အခုမှနိုးလာသည်ဖြစ်ကာ အရက်နာကလည်းကျနေသေးသည်။

မော့ဟန်က သူမကို တစ်ချက်လှည့်ကြည့်ပြီးသည်နောက်တွင် ပွေ့ချီသွားတော့သည်။ ရှုချင်းရီက လန့်သွားကာ မော့ဟန်လည်ပင်းကို သူမလက်များဖြင့် အမြန်သိုင်းဖက်လိုက်ရသည်။ မော့ဟန်ကိုကြည့်လိုက်တော့ ဒေါသထွက်နေသည့် မျက်နှာကြီးဖြင့်ပင်။

"ဘာလုပ်တာလဲ?"
ရှုချင်းရီက မေးသည်။

"ပါးစပ်ပိတ်ထား"

"ချပေး! ဖိနပ်စီးပြီး ကိုယ့်ဟာကိုယ်လျှောက်မယ်!"
သူမက မော့ဟန်ကို ခြေထောက်ဖြင့်ကန်ရင်း အော်သည်။

"ကောင်းကောင်းနေစမ်း"
မော့ဟန်က ရှုချင်းရီကို ကားထဲသို့ချပေးလိုက်သည်။ ရှုချင်းရီ၏လက်တွေမှာ မော့ဟန်ဆွဲလာသောကြောင့် နီရဲနေသည်။ ရှုချင်းရီက သူမလက်ကိုကြည့်ရင်း ဘာတွေဖြစ်ခဲ့သလဲကို တွေးကြည့်နေသည်။

ကားထဲတွင် တိတ်ဆိတ်နေသည်။ မော့ဟန်က စိတ်တိုနေသလို ရှုချင်းရီကလည်း ကြောက်နေလေပြီ။ သူမက ဒီလိုပြဿနာရှာမိသည့်အထိ မနေ့ညကဖြစ်စေသောကြောင့် အိမ်ပြန်ရောက်သည့်အခါ သူမကို မော့ဟန်က ဆူတော့မှာ ဖြစ်သည်။

ထင်သည့်အတိုင်းပင် ဖြစ်သည်။ အိမ်သို့ရောက်ကာ အိမ်တံခါးပြန်ပိတ်ပြီးသည်နှင့် မော့ဟန်က မေးလာသည်။

"ငါမင်းကို ရှင်းပြဖို့ အချိန်၂မိနစ်ပေးမယ်"

"ညီမလေး. . .မသိဘူး . . ."

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now