160

2.9K 261 9
                                    

Unicode Ver

၁၆၀။ မျက်ကွယ်ပြုနေကြပြီ

လျူဇီယွမ်သည် မော့ဟန်နှင့် အလုပ်တွင် ဆက်ဆံရေးအကောင်းဆုံးသူ ဖြစ်သည်။ မော့ဟန်က အားလပ်နေလျှင် သူနှင့်စကားစမြီပြောလေ့ရှိသောကြောင့် အခြားသူများနှင့်ယှဉ်လျှင် မော့ဟန်အား စကားပြောရဲသည်။

"အခုတလော အလုပ်ရှုပ်နေတာကြောင့် ရုံးကလူတွေက ကြောက်နေကြတယ်။ ရှေ့နေကြီးကိုယ်တိုင် ဝင်မလုပ်ရင်လည်း ဖြစ်တဲ့အလုပ်တွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့က ရုံးမှာပြဿနာတစ်ခုခုများ တက်နေလို့လား? ကျွန်တော်တိုများ အမှားလုပ်မိသလား? ဒါမျိုးတွေကို လန်နေရတာ။ ပြီးတော့ ဟိုတလောကမှ နေမကောင်းဖြစ်ထားတာဆိုတော့ ဒီလိုလုပ်နေရင် ထပ်ဖြစ်မှာကြောက်ရတယ်"

"အများကြီးလျှောက်တွေးနေကြတာပဲ။ ရုံးရော ငါရော အဆင်ပြေပါတယ်"

"ရှေ့နေကြီးရဲ့ ညီမလေးသာ ဒီလိုပုံကိုမြင်ရင် အသက်ဆက်မရှင်ချင်တောဘူးလားလို့ ပြောမှာပဲဗျာ"
လျူဇီယွမ်က ညည်းညူသည်။

မော့ဟန်က သူမအကြောင်းကို ကြားသည်နှင့် ချက်ချင်းမျက်နှာပျက်သွားကာ
"ဘယ်တုန်းကစပြီး မင်းကငါ့ကိစ္စတွေကို လိုက်ဝင်ပါနေတက်တာလဲ?"

ဘယ်လောက်ရှုပ်ထွေးကာ ခက်ခဲသည့် အမှုဖြစ်ပါစေ ရှေ့နေကြီးမော့ဟန်က ဒီလိုလေသံမာမာဖြင့် ပြောသည်ကို လျူဇီယွမ်က တစ်ခါမှ မကြားဖူးပေ။ အခုတော့ သူ့အားဒီလို ပြောလာပြီ ဖြစ်သောကြောင့်
"ရှေ့နေကြီး ကျွန်တော်တောင်းပန်ပါတယ်။ မကြိုက်မှန်းမသိလို့ပါ။ နောက်နောင် ကျွန်တော်မပြောတော့ပါဘူး"

"ငါ့အရှေ့မှာ အဲ့ကောင်မလေးအကြောင်း ထပ်မပြောနဲ့"
မော့ဟန်က ပြောသည်။

ထိုအခါမှ လျူဇီယွမ်သည် မော့ဟန်၏ စိတ်မကြည်ရခြင်း အကြောင်းမှာ သူ့ညီမလေးနှင့် ရန်ဖြစ်ထား၍ ဖြစ်မည်ဟု ထင်သွားတော့သည်။ ဒါပင်မယ့်လည်း သူထပ်ပြီးတော့ မပြောရဲတော့ပေ။ ပထမအကြိမ် သူ့ဆရာကို ဒေါသထွက်အောင် သူလုပ်မိသွားသောကြောင့် နောက်တစ်ကြိမ် သူထပ်မမှားရဲတော့ပါ။ ထို့ကြောင့် သူရှောင်ပြေးရန်
"တခြားအထွေအထူး ကျွန်တော့်ကို ခိုင်းစရာမရှိရင် ကျွန်တော်သွားတော့မယ်"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now