143

2.9K 313 8
                                    

Unicode Ver

၁၄၃။ ကြည့်နေချင်တယ်

သူမပင်ပန်းနေသည်။ ဒီနေရာကနေ ထွက်သွားရမည်ကို တွေးကြည့်ရုံဖြင့် သူမကြောက်လာကာ ပင်ပန်းသွားသည်။

သူမထွက်သွားလျှင် မော့ဟန်က သူမအား ဆက်သွယ်တော့မည် မဟုတ်ပေ။ သူ့ဘဝက သူမထွက်သွားသည်နှင့် ပို၍သက်သောင့်သက်သာရှိသွားမည်။ သူမကိုကျွေးမွေးနေရသလို သူမအရှုပ်တွေကိုလည်း လိုက်ရှင်းပေးစရာမရှိတော့မှာ ဖြစ်သည်။

ရှုချင်းရီမှာ မော့ဟန်၏အိမ်သို့ရောက်လာတုန်းက သူမကို ဘာဖြစ်လို့ ခေါ်လာရသနည်းဟု မေးခဲ့ဖူးသည်။ ထိုအချိန်တုန်းက မော့ဟန်က သူ့ပြဿနာတစ်ခုကိုရှင်းရုံတင်သာဟု ဖြေခဲ့ဖူးသည်။

ရှုချင်းရီက ပက်လက်လှန်လဲလိုက်ကာ မျက်နှာကျက်ကိုကြည့်ရင်း အတွေးများနေကာ အိပ်မပျော်တော့ပေ။ သူမဒီညတွင် ကောင်းကောင်းအိပ်ပျော်မှာ မဟုတ်တော့ပေ။

နောက်နေ့မနက်တွင် ရှုချင်းရီသည် မော့ဟန်နှင့် မနက်စာစားနေစဉ် သူမ၏ဖုန်းကို မသိသည့်နံပတ်တစ်ခုခေါ်လာသည်။ ရှုချင်းရီက ဘယ်သူခေါ်တာလဲ ရိပ်မိ၍ ဖုန်းကိုကိုင်လိုက်သည်။

"ဟယ်လို?"

"ညန်ညန် ကိုယ်အိမ်အောက်ကိုရောက်နေပြီ"

"အင်း"

"ကိုယ်လာခေါ်မယ်လေ"

"မလိုပါဘူး။ အခုမနက်စာစားနေတယ်။ ပြီးမှကျွန်မတို့ ဆင်းလာခဲ့မယ်"

"ညန်ညန် ဒီနေ့ ကိုယ်တို့Fမြို့ကို သွားကြရအောင်"

ရှုချင်းရီက မနက်စာပန်းကန်ကို ကြည့်ရင်း
"အင်း"

ဟန်လျန်က စကားဆက်ပြောချင်သေးသော်လည်း ရှုချင်းရီက ဖြတ်ပြောလိုက်သည်။
"တခြားပြောစရာမရှိရင် ကျွန်မဖုန်းချလိုက်မယ်။ အောက်ရောက်မှ ဆက်ပြောပေါ့"

ဖုန်းချပြီးသည့်အခါ အကုန်လုံးကိုကြားလိုက်သည့် မော့ဟန်က မေးသည်။
"သူက ဘယ်လိုလုပ် မင်းဖုန်းနံပတ်ကို ရတာလဲ?"

ရှုချင်းရီက စိတ်ရှုပ်နေသည့်ပုံဖြင့် ပန်းကန်ထဲမှ အစားအစာများကို တူဖြင့်မွှေနေသည်။
"ညီမလေးလည်း ဘယ်သိမလဲ။ သူရှာရတာ လွယ်လို့နေမှာပေါ့"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now