164

2.8K 272 2
                                    

Unicode Ver

၁၆၄။ မိသားစုနဲလူ

"ဘာဖြစ်ချင်နေတာလဲ? ဟန်လျန်က ဟိုမှာ! ဒီလိုအခြေအနေကို မြင်သွားပြီး အထင်လွဲသွားရင် ရှေ့နေ့တစ်ယောက်ရဲ့ ဂုဏ်သတင်းကျသွားမှာကို မစိုးရိမ်ဘူးလား?"
ရှုချင်းရီက မော့ဟန်ပြဿနာရှာနေသည့်အခါ စိတ်ညစ်စွာဖြင့် ကြမ်းတမ်းစွာ ပြန်ပြောလေသည်။

မော့ဟန်က သူမအား နံရံသို့တွန်းကပ်လိုက်ကာ သူ့ကိုယ်ကြီးဖြင့် သူမအား ပိတ်ထားလိုက်ပြီး
"ဒါဆိုရင် သူ့ကိုအော်ခေါ်လိုက်။ ဘယ်သူက နာမည်ပျက်မလဲ ကြည့်ကြတာပေါ့"

ရှုချင်းရီက သူ့ကိုကြည့်ကာ
"ရူးနေပြီလား?"

"အေး ငါရူးနေပြီ!"

မော့ဟန်က သူမ၏မျက်နှာကို မော့စေကာ အနားသို့ကပ်ပြီး သူမ၏နှုတ်ခမ်းများကို စိုက်ကြည့်ရင်းဖြင့်
"ငါတို့အခု ဘယ်လိုဖြစ်နေသလဲဆိုတာကို ဟန်လျန်ကို မြင်စေချင်တယ်။ သူများတွေ အပြစ်ပြောတက်သလို ဖောက်ပြန်တဲ့အတွဲ ဖြစ်နေပြီလား?"

ရှုချင်းရီက အားကုန်သုံး၍ မော့ဟန်ကို တွန်းထုတ်လိုက်ကာ
"ပြန်သွားတော့မယ်"

"ဘယ်ကိုပြန်မယ်လို့ တွေးနေတာလဲ? သူ့ဆီကိုပြန်သွားပြီး အချစ်ငှက်လေးလုပ်မလို့လား ပြီးတော့. . ."

မော့ဟန်၏စကားမဆုံးခင်မှာပဲ ရှုချင်းရီသည် သူ့ပါးကို ရိုက်ပစ်လိုက်သည်။

ခေါင်းက တစ်ဖက်ကို လည်သွားသည့်အခါ မော့ဟန်က ပြုံးလိုက်သည်။ သူမအားတားထားသည့် သူ့လက်ကို ဖယ်ပေးလိုက်ကာ အသံပျော့သွားပြီး
"ပြန်သွား"

ရှုချင်းရီက သူဆီမှ ထွက်သွားကာ ခပ်လှမ်းလှမ်းရောက်သည့်အခါ ခေါင်းပြန်လှည့်လာပြီး
"ရှင်ထင်နေသလို လူသားမျိုး မဟုတ်ဘူး။ ရှင်ပြောနေသလို ကိုယ့်ကိုကိုယ်တောင် တစ်ခါမှ မတွေးဖူးဘူး"

ရှုချင်းရီက ထပ်ပြောသည်။
"ရှင်ကတော့ ကျွန်မမှတ်ညဏ်တွေကို ဘယ်နားလည်ပေးနိုင်မှာလဲ။ အကုန်ပြန်မှတ်မိချင်တယ်"

ရှုချင်းရီက ပြောပြီးသည်နှင့် ထွက်သွားလိုက်သည်။ ဟန်လျန်က ထောင့်တစ်ခုမှ ထွက်လာကာ သူမအားပြုံးပြီး လျှောက်လာသည်။ ထို့နောက် ဘာမှမဖြစ်သလို သူမဘေးသို့ လိုက်လာသည်။ ဟန်လျန်က သူမနှင့် မော့ဟန်တို့ကြား ဖြစ်သွားသည်ကို မြင်လိုက်မှန်း ရှုချင်းရီက သိလိုက်သည်။ စားပွဲဝိုင်းသို့ရောက်သည့်အခါ ဟန်လျန်က သူမအား မော့ဟန်ဆီကို ပြန်ထထွက်သွားမှာကို စိုးရိမ်စွာဖြင့် ပိတ်ထိုင်လိုက်သည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now