122

3.3K 377 5
                                    

Unicode Ver

၁၂၂။ ဟိုတယ်

ကျန်းယန်က စကားကို မရပ်မနားပြောတော့သည်။
"အဲ့ဒါမင်းအရမ်းမူးနေလို့လေ။ မင်းအိမ်ဘယ်မှာလဲလို့ ငါမေးသားပဲ။ အိမ်မရှိဘူးလို့ပဲ မင်းကလျှောက်ပြောနေတာကိုး။ တော်သေးတာက ငါ့လည်းသိပ်မူးသေးလို့သာပဲ။ မင်းအကိုဖုန်းနံပတ်ရှိတာကို သတိရသွားတာနဲ့ သူ့ကိုဖုန်းဆက်ပြီး ဟိုတယ်မှာ မင်းကိုသိပ်လိုက်မယ် မနက်ကျမှ ပြန်လိုက်ပို့မယ်လို့ ပြောလိုက်ရတာ။ ဒါပင်မယ့်လည်း ဟိုတယ်ရောက်ကာမှ မင်းကနိုးလာပြီး ငါတို့ကို ထပ်သောက်ခိုင်းနေလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ?"

ရှုချင်းရီက ကျန်းယန်ဆီမှ ဒီလိုကြားကာမှ စိတ်သက်သာရာရတော့သည်။ သူမကမူးသွားရင် ဘာဖြစ်လို့ ဘာမှမမှတ်မိတော့သလဲ သူမသိပေ။ မူးနေသည့်အချိန် ကိုယ့်ကိုကိုယ်ထိန်းဖို့ဆိုလျှင် သူမအတွက် ပိုဝေးသွားသည်။

မော့ဟန်က သူမမူးနေကြောင်း ကြားသည့်အခါ ဒေါသထွက်သွားခြင်းမှာ မထူးဆန်းပါ။ ဒါပင်မယ့်လည်း မော့ဟန်အကြောင်းကို သူမတွေးကာမှ မနေ့ညက မော့ဟန်သည် သူ့ကိုသူမထိန်းနိုင်သည့်အထိ ဘာကြောင့်ဖြစ်သွားသလဲ သူမလည်း မသိပေ။ ရှုချင်းရီမှာ ထိုအတွေးနှင့်အတူ သူမအား မော့ဟန်က ထိတွေ့သွားသည်များကို သတိရသွားပြန်သည်။
'မတွေးနဲ့! ဒါကိုထပ်မတွေးနဲ့တော့!'

ထို့နောက် သူတို့နှစ်ယောက်မှာ နေရခက်စွာဖြင့် မနက်စာစားကြသည်။ ရှုချင်းရီက တစ်ချိန်လုံး စကားတစ်ခွန်းမှ စမပြောပေ။ မော့ဟန်ကလည်း သူမပြောခြင်းကို နားလည်ပါသည်။ သူကအရင်လို ရှုချင်းရီနှင့် ရင်းနှီးစွာပြန်နေချင်သော်လည်း သူ့လုပ်ရပ်က လွန်သွားခဲ့သည်လေ။

"ဒီညဘာစားချင်လဲ? ဝယ်လာပေးမယ်"
မော့ဟန်က မနက်စာစားပြီးသည့်အခါ အရင်စကားစလိုက်သည်။

ရှုချင်းရီက ခေါင်းကိုခါကာ
"မလိုပါဘူး"

ဤသို့ဖြင့် သူတို့မှာ စကားထပ်မပြောဖြစ်ကြတော့ပေ။

မော့ဟန်က သူ့ကိုယ်သူနားချိန်တောင် မပေးတော့ဘဲ အလုပ်ရူးတစ်ယောက်ပုံစံ ထပ်ဖြစ်သွားပြန်သည်။ သူ့ရုံးကလူများမှာ စကားပြောချိန်မရှိအောင်ကို အလုပ်များရှုပ်သွားကြကာ အစည်းအဝေများကို တက်နေကြရသည်။ ထို့ကြောင့်သူတို့က သူတို့ရှေ့နေကြီးက ၃ရက်လောက် အပျော်ခရီးထွက်ပြီးသွားသည့်အတွက် ဒီလိုပြန်အသည်းအသန်လုပ်နေသည်ဟု ထင်ကုန်ကြသည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now