63

4.1K 596 26
                                    

Unicode Ver

၆၃။ တသက်လုံး အတူတူနေကြမှာ

မော့ဟန်က သူမရှေ့က ခုံကကိုဆွဲကာ ထိုင်လိုက်သည်။ ရှုချင်းရီ၏လက်ထဲက စားနေဆဲဖြစ်သည့် sandwichကိုကြည့်ကာ
"ငါ့ဟာရော?"

"ဘာလဲ?"

"ငါ့မနက်စာ"

"ပြင်ပေးမထားဘူး"

"ဘာဖြစ်လို့လဲ?"

"စားချင်မှာ မဟုတ်ပါဘူး"

မော့ဟန်က သူမကိုကြည့်ကာ
"နောက်ဆိုရင် ငါ့အတွက်ပါ လုပ်ပေး"

"မလုပ်ချင်ပါဘူး"
ရှုချင်းရီက ပြောသည်။
"ကိုကြီးကို ညီမလေးက မနက်စာပြင်ပေးစရာ အကြောင်းမှ မရှိတာ"

မော့ဟန်က စားပွဲကိုခေါက်ကာ အေးစက်စွာ
"မလုပ်လို့ကတော့ မင်းစွပ်ပြုပ်လည်း မင်းစားရမှာ မဟုတ်တော့ဘူး"

ရှုချင်းရီက နောက်ဆုံးမှာတော့ သူ့ကိုကြည့်လာသည်။ သို့သော် ချက်ချင်းပင် အကြည့်လွဲသွားသည်။ သူမက ထရပ်လိုက်ပြီး ထိုင်ခုံနောက်က အိတ်ကိုထုတ်လွယ်ကာ
"ဗိုက်ဝပြီ။ ကျောင်းသွားနှင့်တော့မယ်"

မော့ဟန်က သူမကိုပြောလိုက်သည်။
"စောစောပြန်လာ။ ဆွေးနွေးစရာရှိတယ်"

ရှုချင်းရီက ဘာမှမကြားလိုက်လိုမျိုး နောက်ကိုပင် တစ်ချက်ပြန်လှည့်မကြည့်ဘဲ အိမ်ကနေ ထွက်သွားသည်။

ရှုချင်းရီထွက်သွားပြီး သိပ်မကြာခင်မှာဘဲ ရှန်ယို့က အိပ်ခန်းထဲကနေ အိပ်ရာတင်ဝတ်စုံဖြင့် ထွက်လာသည်။ သူမက သမ်းဝေရင်း
"ဒီနေ့ နင် law firmကိုသွားမှာလား?"

မော့ဟန်က ခေါင်းတစ်ချက်ငြိမ့်ပြကာ မီးဖိုချောင်ကို သွားသည်။ ထို့နောက် ရေခဲသေတ္တာကိုဖွင့်ကာ ဟိုနေ့က ရှုချင်းရီက စျေးကနေ သူ့အတွက် မနက်စာအဖြစ် ဝယ်ပေးထားသည့် ပန်းသီးကို ထုတ်ယူလိုက်သည်။

"ငါရောလိုက်လို့ရမလား?"
ရှန်ယို့က ရေတစ်ခွက်သောက်ပြီးနောက် မေးသည်။

"နင်ကဘာလိုက်လုပ်မလို့လဲ?"

"ဘာရယ်တော့လည်း မဟုတ်ပါဘူး။ နင်အနားမှာ နေချင်တာနဲ့ နင့်အလုပ်နေရာက အရင်လိုပဲလားလို့ ကြည့်ချင်တာပါ"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now