113

3.2K 422 2
                                    

Unicode Ver

၁၁၃။ ပင်လယ်ကမ်းခြေ

"ဘာဖြစ်လို့လဲလို့?"
ရှုချင်းရီက နားမလည်နိုင်ပေ။

"ကမ်းခြေမှာ သွားဆော့မှာမလား?"

သူမက မော့ဟန်ဝတ်ထားသည့် မီးခိုးရောင်တီရှပ်နှင့် စတိုင်ဘောင်းဘီအနက်ရောင်တို့ကို ကြည့်ကာ ပြောသည်။
"ကိုကြီးကရော ကမ်းခြေသွားမယ့်ဟာကို ဘာတွေဝတ်ထားတာလဲ?"

"ရေကူးဘောင်းဘီဝယ်ထားပြီးသား။ ဟိုရောက်မှလဲမှာ"

မော့ဟန်က ရှုချင်းရီဝတ်ထားသည်မှာ အသားအရမ်းဖော်ထားသလို ဖြစ်နေသည်ဟု ထင်နေခြင်း ဖြစ်သည်။ တကယ်တော့ ကမ်းခြေကိုရောက်သည့်အခါ အခြားမိန်းကလေးများ ဝတ်ထားသည်က သူမထက်တောင် အလွန်တရာပိုလွန်းသည်ကို သူမသိခြင်းဖြစ်သည်။

"အမြန်သွားလဲချေ။ ပုခုံးကိုဖော်မထားနဲ့"
မော့ဟန်က အသေအချာကို ပြောနေသည်။

"ဟင့်အင်း မလဲနိုင်ပါဘူး။ ရင်တွေ တင်တွေ ဖော်ထားတာလဲ မဟုတ်ဘဲနဲ့"

မော့ဟန်က သူမအားကြည့်ကာ စိတ်ညစ်စွာဖြင့်
"မလဲချင်ဘူးဆိုရင် ငါ့အပေါ်ထပ်အကျီကို ဝတ်လာခဲ့"

မော့ဟန်က အခန်းထဲကို လှည့်ဝင်သွားကာ အကျီယူလာပေးသည်။
"အပြင်သွားရင် ဝတ်လာခဲ့"

ရှုချင်းရီက အကျီကိုယူကာ ဖြန့်ကြည့်လိုက်ပြီနောက်
"အကြီးကြီးပဲ"

"အပြင်မှာ ပင်လယ်တိုက်တယ်။ ဒါကလေကာတယ်"

ရှုချင်းရီက နှုတ်ခမ်းလေးဆူကာ ဘာကိုမှ မပြောတော့ပေ။ ထိုအကျီအား ကြယ်သီးမတပ်ဘဲ ပေါ့ပေါ့ပါးပါးသာ အပေါ်ကဝတ်လိုက်သည်။ သူတို့နှစ်ယောက်က လဲစရာအဝတ်များကိုယူ၍ အခြားလိုအပ်သည်များကိုထည့်ကာ ထွက်လာကြသည်။ မော့ဟန်က ဟိုတယ်အပြင်ဘက်တွင် တက်စီတွေ့သောအခါဌား၍ ပင်လယ်ကမ်းခြေသို့ ထွက်လာခဲ့သည်။

ကားက ပိုဝေးဝေးကို ရောက်လာလေလေ ရှုချင်းရီမှာ အပြုံးကို မထိန်းနိုင်ပေ ဖြစ်နေသည်။ အခုဆိုလျှင် ပင်လယ်ကမ်းရိုးတမ်းကို မြင်နေရပြီဖြစ်သောကြောင့် ရှုချင်းရီက ကားပြတင်းပေါက်မှ ခေါင်းလေးပြူထွက်ကာ ပင်လယ်လေကို တစ်ဝကြီးခံစားနေသည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now