အပိုင်း ( ၁ ) ( Unicode )

25.9K 927 11
                                    

" ဒီကောင်လေးက ရူးနေတာလား "

" ဒီကောင်‌လေး ဘာတွေ‌လျှောက်လုပ်ပြန်ပြီလဲ "

" ဘာလို့ ငါ့ကိုမှလဲ ... အရေးမပါလိုက်တာ "

" ငါ ဘာလို့ ဒီလောက်ကံဆိုးနေရတာလဲ "

" ငါ့အမှားပဲ ... ငါကိုက လျှာရှည်မိတာ "

" သူတို့စကားကို ငါသာ နားမယောင်ခဲ့ရင် ဒီကောင်လေးက အခုလိုမျိုး ငါ့ကို တွယ်ကပ်နေမှာမဟုတ်ဘူး "

" ကျစ် ! ငါ ဘာဆက်လုပ်ရမလဲ "

" ငါ့ကို ကယ်ပေးလို့ရမလား "

ဒီစကားလုံးတွေက အခုတလော လေးဆက်ရိပ်သွင်တစ်ယောက် အပြောများနေသည့်စကားလုံးများဖြစ်သည်။ ပြောပါများလွန်းသဖြင့် လေးဆက်ရဲ့သူငယ်ချင်းတွေတောင် ဒီစကားလုံးတွေကို အလွတ်ရနေလောက်ပြီထင်၏။

ပြောလည်းပြောချင်စရာပင်။ ဒီအင်္ဂလိပ်ဒီပလိုမာတန်းကို စတက်တဲ့နေ့ကတည်းက လေးဆက် နှောင့်ယှက်ခံနေရတာ ယခုဆို နှစ်ပတ်နီးပါးရှိနေပြီဖြစ်သည်။ လေးဆက် တကယ်စိတ်ပျက်နေသလို စိတ်လည်းညစ်နေမိသည်။

ဘယ်ဘဝက ရေစက်ဆိုးတွေကြောင့် အခုလို လိုက်နှောင့်ယှက်တာခံနေရလဲဆိုတာ လေးဆက် တကယ်ပင် နားမလည်တော့ပေ။ ဒီလိုရေစက်ဆိုးကို ဘာနဲ့ဖျက်လို့ရမလဲဆိုတာ ကူစဉ်းစားပေးမဲ့သူရှိရင် သိပ်ကောင်းမှာပဲ။

အခု ဒီပြဿနာကို ဘယ်လို‌ဖြေရှင်းရမလဲဆိုတာက လေးဆက်အတွက်တော့ လကုန်ဖြေရမဲ့ကျူတိုရီယယ်တွေထက် ပိုအရေးကြီးလေသည်။ ကျူတိုရီယယ်တွေအကုန်လုံး အကျခံမလား။ ဒါမှမဟုတ် ဒီပြဿနာကို ရင်ခွင်ထဲပိုက်ထားမလားလို့မေးရင် လေးဆက်ကတော့ ကျူတိုရီယယ်ကိုပဲ ဆယ်နှစ်ဆယ်မိုးအကျခံလိုက်တော့မည်ဟု ဆုံးဖြတ်ထား၏။ အဆစ်အနေနဲ့ ရထားသည့်ဘွဲ့ကိုပါ ပေးပစ်လိုက်မှာဖြစ်သည်။

တစ်ရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ် နေ့တိုင်းလိုလို အခန်းဝထိ လာနှောင့်ယှက်ပြီး ဒီကောင်လေး ဘာဖြစ်ချင်နေတာလဲဆိုတာ လေးဆက် တကယ်ပင်နားမလည်တော့‌ပေ။ အိမ်သာသွားဖို့အခန်းပြင်ထွက်တာတောင် လူက နောက်ကျောမလုံချင်။ ဒီကောင်လေး ရှိ မရှိ အရင်ချောင်းကြည့်ပြီးမှ သွားနေရတဲ့ဘဝဖြစ်နေသည်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now