Author's Note

1.9K 169 76
                                    

ဇာတ်သိမ်းပိုင်းကို နားမလည်တဲ့လူတွေ ရှိနိုင်တဲ့အတွက် အကုန်လုံးကို တစ်ခါတည်း ရှင်းပြပေးသွားပါ့မယ်။ အဆုံးထိ အကုန်ဖတ်ပေးရင်တော့ ရှင်းသွားလောက်မယ်ထင်ပါတယ်။

“ လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ” မှာ ပါဝင်ခဲ့တဲ့ ဇာတ်ကောင်လေးယောက် ( ဈာန်၊ လေးဆက်၊ ခန့်မဟော်၊ ဇလပ် ) အတွက် အတိတ်ဘဝဇာတ်လမ်းသက်သက်ရှိပါတယ်။

( ဇာတ်လမ်းသက်သက်တွေက တအားများနေပြီမလား ဟီး 😁 ။ စာဖတ်သူတွေလည်း အရမ်းအာရုံနောက်နေလောက်ပြီ။ ဒီစာရေးသူက ဖျင်မနိုင်ဘဲ ပဲကြီးဟင်း တအားစားတယ်လို့တော့ မထင်လိုက်ကြပါနဲ့နော်။ )

အဲဒီအတိတ်ဘဝဇာတ်လမ်းလေးကို “ ဤချစ်ခြင်းတရား ဆုံးသက်ထိတိုင် တည်စေ ” လို့ ကိုယ် အမည်ပေးထားပါတယ်။

“ ဤချစ်ခြင်းတရား ” နဲ့ “ လွမ်းရိပ်ငွေ့ ”က အရမ်းဆက်စပ်မှုရှိတဲ့ ဝတ္ထုနှစ်ပုဒ်ပါ။

“ ဤချစ်ခြင်းတရား ” က အတိတ်ဘဝဖြစ်ပြီး “ လွမ်းရိပ်ငွေ့ ” က လက်ရှိဘဝပါ။

အဲဒီလိုမှတ်သားထားလိုက်မယ်ဆိုရင် အရာအားလုံးက ပိုပြီးရှင်းလင်းသွားပါလိမ့်မယ်။

ကိုယ်က လက်ရှိဘဝကို အရင်ရေးထားတာပါ။

“ လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ” ဆိုတဲ့ ဝတ္ထုခေါင်းစဉ်နာမည်ကို အတိတ်ဘဝအတွက်ရော၊ လက်ရှိဘဝအတွက်ပါ သေချာရည်စူးပြီး အမည်ပေးထားခဲ့တာပါ။

အဲဒါကြောင့်မို့ “ လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ” က အရမ်းအဓိပ္ပာယ်ရှိတဲ့ ခေါင်းစဉ်လေးဖြစ်ပါတယ်။

“ ဤချစ်ခြင်းတရား ဆုံးသက်ထိတိုင် တည်စေ ” ဆိုတဲ့ ခေါင်းစဉ်ကိုကျတော့ မာန်စေ ရေးထိုးထားတဲ့ ကမ္ဗည်းကျောက်စာတိုင်ရဲ့ပထမဆုံးစာပုဒ်ကနေ ကောက်နုတ်ထားတာပါ။

ရွာကိုးရွာကို အခြေတည်ပြီး ရေးမယ့် “ ဤချစ်ခြင်းတရား ” ဆိုတဲ့ဇာတ်လမ်းမှာဆိုရင်

◾သစ္စာတိုင်ရွာလို့အမည်ရတဲ့ရွာကြီးက‌နေ ရွာကိုးရွာဖြစ်ပေါ်လာပုံ

◾သစ္စာတိုင်တောင်ပေါ်မှာရှိတဲ့ သစ္စာတိုင်ဆုတောင်းပြည့်ဘုရားအကြောင်း

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Wo Geschichten leben. Entdecke jetzt