အပိုင်း ( ၁၄ ) ( Zawgyi )

1.3K 120 13
                                    

ကျ‌ရောက်လာတဲ့ ဒီအချိန်အခါလေးမှာကွယ် ... သာယာချမ်းမြေ့ပါစေကွယ် ...

လှပသာယာတဲ့ တို့ကျောင်းတော်ဟာကွယ် ... အစဉ်ဂုဏ်မြင့်တဲ့ YUFL ...

ပညာရောင်စုံပွင့်ဖူးတဲ့ YUFL ... တို့ကျောင်းတော်ကြီးမှာကွယ် ...

နိုင်ငံတကာစုံစွာ ယဉ်ကျေးမှုဖလှယ်ယူနိုင်ကြဖို့ ယုံကြည်ချက်ရှိကြတယ် ...

ကျောင်းရဲ့ဂုဏ်ဆောင် ပညာရဲ့အလင်းရောင်တွေ ... အစဉ်သာထွန်းတောက်နိုင်စေမယ် ...

ကျောင်းသားမောင်မယ် ပညာအောင်ပန်းဝင်စေမယ် ... ပညာရဲရင့် ဂုဏ်တင့်တယ် ...

နိုင်ငံတကာဘာသာ တို့ကျောင်းသား ... ကမ္ဘာ့ရတနာရပ်ဝန်းကို ရှာဖွေဖို့ စွမ်းနိုင်မယ် ...

ပျော်ရွှင်စွာ ညီညာလက်တွဲလို့ နိုင်ငံတော်အတွက်ကွယ် ... အရှိန်ဂုဏ်မြင့် ကြိုးစားမယ် ...

လေးဆက်တစ်ယောက် LRC ထဲမှာ ဖုန်းသုံးနေရင်း COE ဆောင်ဘက်ကနေ လွင့်ပျံ့လာသည့် YUFL ရဲ့ Theme Song " အစဉ်လာဝင့်ထည် YUFL " ကျောင်းသီချင်းလေးကို ပျော်ပျော်ရွှင်ရွှင်နဲ့ နှုတ်ကနေ လိုက်ဆိုနေမိသည်။

စိတ်ကူးထဲမှာတော့ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ ရုရှား၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ မြန်မာ စသည့် နိုင်ငံတကာနှင့်ဆိုင်သော ယဉ်ကျေးမှုရိုးရာဝတ်စုံများ ဝတ်ဆင်ကာ ကပြဖျော်ဖြေနေသည့် ဂျူနီယာညီငယ်၊ ညီမငယ်များထံ အတွေးအာရုံများလွင့်ပျံနေသည်။

လေးဆက်တို့ ပထမနှစ်တုန်းကလည်း ဒီနေ့လိုနေ့မျိုးမှာ ပါးစပ်အဟောင်းသားနဲ့ နားမလည်သည့်ဘာသာရပ်ဆိုင်ရာသီချင်းတွေကို နားထောင်ရင်း ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးခဲ့ကြတာပဲလေ။ အခုထိ အဲ့တုန်းက ခံစားချက်ကို သတိရနေမိတုန်း။ အရမ်း အရမ်းကို ပျော်ဖို့ကောင်းခဲ့တာ။

ဒီနေ့က YUFL The Whole Fresher Welcome ဆိုသည့်အတိုင်း မေဂျာတိုင်းက ပထမနှစ်စတက်မဲ့ကလေးတွေအတွက် စီစဉ်ပေးထားသည့်ပွဲဖြစ်သည်။ YUFL Fresher Welcome လို့မပြောဘဲ The Whole ထည့်ပြောရသည့်အကြောင်းက နောက်ထပ်တခြား Fresher Welcome လေးတွေ ရှိနေသေးလို့ပါပဲ။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now