အပိုင်း ( ၆ ) ( Unicode )

3.6K 453 5
                                    

ကျစ် ! ဒီတစ်ခေါက်လည်း လေးဆက် သူတို့ကို စောင့်နေရပြန်သည်။ အမြဲတမ်းလိုလို စောင့်နေကျမို့လို့ အကျင့်ပါနေသော်ငြား ဒီနေ့လို ဒီပလိုမာဝင်ခွင့်စာမေးပွဲဖြေရမည့်နေ့မျိုးမှာတော့ သူတို့ သိပ်နောက်မကျသင့်ဘူးလေ။

ပြောတော့ဖြင့် စောစောလာခဲ့မယ်၊ ကန်တင်းထိုင်ကြမယ်နဲ့ အခု လေးဆက် စောင့်နေရတာ နာရီဝက်ကျော်နေပြီ။ လူက တဖြည်းဖြည်း စိတ်မရှည်လာတော့သဖြင့် အိတ်ထဲမှ ဖုန်းကိုထုတ်ကာ မြတ်သူဆီသို့ ဖုန်းခေါ်လိုက်သည်။

Phone Ringing …

တော်တော်နှင့် မကိုင်။ ဖုန်းကျခါနီးလောက်မှ ကြားလိုက်ရသည့်မြတ်သူရဲ့အသံကြောင့် လေးဆက် စိတ်ပျက်ပျက်နှင့် အော်လိုက်မိသည်။

“ ဟေ့ကောင် ... မြတ်သူ ... ခွေးသူတောင်းစား ... မင်းတို့ မလာကြသေးဘူးလား ... ငါ စောင့်နေရတာ ကြာနေပြီကွ ”

“ လာနေပြီဟ ... ဝမ်းမနာသားလေးရဲ့ ... ဝင်ခွင့်ဖြေဖို့ မိနစ်၅၀တောင် လိုနေသေးတာကို ... မင်းက ဘယ်လိုဖြစ်ပြီး လောနေရတာလဲ ”

မြတ်သူကလည်း လေးဆက်ထက်မလျော့သော အသံနှုန်းထားဖြင့် ပြန်အော်သည်။

“ ဪ ... အေး ... မင်းတို့ကန်တင်းမထိုင်တော့ဘူးပေါ့ဟုတ်လား ... စာမေးပွဲကိုပဲ တန်းဖြေတော့မယ်ပေါ့ ”

လေးဆက် စိတ်ပေါက်လာသည်နှင့် ခပ်ရွဲ့ရွဲ့ပြောမိသည်။

“ ထိုင်မှာပေါ့ကွ ... ကန်တင်းထိုင်တာ ဘယ်လောက်ကြာတာမှတ်လို့လဲ ”

“ အဲဒါဆိုလည်း မြန်မြန်သွက်သွက်လာလေ ... နှေးတုံ့နှေးတုံ့နဲ့ ... ဒါနဲ့ မင်းတို့မောင်နှမ ဘာနဲ့လာတာလဲ ”

“ ဘတ်စ်ကားနဲ့လာတာ ... အစက အိမ်ကကားနဲ့လာမလို့ပဲ ... ဒါပေမဲ့ မေကြီးက သူ သွားစရာရှိလို့ အိမ်ကကားကို ယူသွားတယ် ... အဲဒါကြောင့် ငါတို့ နည်းနည်းနောက်ကျသွားတာ ”

အကြောင်းအရင်းကို သိလိုက်ရတော့ လေးဆက် နည်းနည်းတော့ စိတ်ကျေနပ်သွားသည်။

“ အခု မင်းတို့ ဘယ်နားရောက်နေကြပြီလဲ ”

“ အခု ကျောင်းနားကမီးပွိုင့်မှာ မိနေတယ် ... ခဏနေဆိုရင် ကျောင်းရောက်တော့မှာ ”

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now